စွတ်ကြောင်းတခု၏ခြေရာအတုများ
နူးအိနေအောင်ပြုတ်ထားတဲ့
ကဗျာတပုဒ်ထဲမှာ
နင်ရယ်....ငါရယ်... ကမ္ဘာကြီးရယ်
ပြီးတော့..... ပြီးတော့လေ
နင်ပဲဆက်ရေးလိုက်တော့....
အကန့် တွေခွဲမယ်......
ပြီးရင်...ဆေးရောင်လှလှချယ်မယ်
ဗြုန်းခနဲ ရောက်ရောက်လာတတ်တဲ့
ကိုယ်ရောင်ထယ်ထယ်ဝါ၀ါသောကတွေ နဲ့ 
တခါတလေ....
သေသေချာချာနားစိုက်ထောင်ရတဲ့
သံစဉ်တွေဟာအလိုလိုနေရင်းရောစပ်လို့ သွားတယ်...
ဟောကြည့်ပါလား....
ဗုံတီးသံ သဲ့သဲ့လေးကြားရတယ်
တံခါးတချပ်လောက်ဆွဲဖွင့်ကြည့်လိုက်
ကျန်တချပ်ကိုဟ ,ယုံလေးဟထားပါ
အလင်းရဲ့ အလျှင်ကိုဆန့် ကျင်နေတဲ့ 
အချစ်သင်္ကေတ,ပါဒအပိုဒ်ခွဲတခုနဲ့ 
နုလုံးခုန်သံတခု..
ရန်ပြုခဲ့ရင်ငါခံလိုက်မယ် ။
မွေးညင်းပေါက်အကျဉ်းအကျယ်ကို
တိုင်းတာတဲ့ ဇောချွေးစက်တွေ
မက်မောချင်စရာမကောင်းလောက်အောင်
ဆူညံပွက်လောရိုက်နေတယ်
တခုနဲ့ တခုထပ်တူညီဖို့  ငြီးညူရင်း
ကျောခင်းဖို့ နေရာရှာထွက်ခဲ့ကြပြီ ။
နောင်လာမယ့်မနက်ခင်းတွေ
အပန်းရောင်သမ်းနေရင်
အရမ်းမုန်းလိုက်မိမယ်ထင်ပါရဲ့  ။
ကိုယ့်ဖိနပ်ကိုယ်စီးလို့ 
ရွာရိုးကိုးပေါက်မှာမှတ်တိုင်ထူ
နေပူမှာလဲမကြောက်
အမေဆူမှာလဲမကြောက်
အရေထူမှာလဲမကြောက်
ဗွေဖောက်တတ်တဲ့ အတွင်းသန္တာန်တွေအတွက်
ရံဖန်ရံခါ...တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ 
စိတ်ကစဥ့်ကလျားဖြစ်စဉ်မှာ
တိတ်တဆိတ်ခြင်းအတတ်ပညာတွေသင်ယူရင်း
မီးခိုးကြွက်လျှောက်အော်အော်ငိုတတ်ခဲ့ပြီ ။
လာလေ..လာခဲ့ပေါ့
ကံဇာတ်ဆရာဆိုတာ ဂျိုနဲ့ မှမဟုတ်တာ
ကြိုးဝိုင်းထဲမှာအလဲထိုးဖို့ 
နို့ ဗူးသောက်တဲ့အရွယ်ကတည်းက
ရင့်မှည့်လွန်းတဲ့ လောကဓံကိုစိမ်ခေါ်ခဲ့ပြီးပြီ ။
ပ၀ါမရူဘူး ..ရေမကူဘူး
ကွမ်းတရာမလိုဘူး ရေတမှုတ်မလိုဘူး
အနုပညာသွေးစက်တွေအတွက်
ဝိဥာဉ်တွေဟာ နတ်စုန်းတို့ ရဲ့ 
နုလုံးအိမ်မှာ စတေးခံ
တစပ်စပ်တုန်လို့ ပူးကပ်ဝင်စားခဲ့တယ် ။
လောကထဲကိုဝင်လာကတည်းက
သေမင်းရဲ့ သက်သေခံဖြတ်ပိုင်းပါလာပြီးသားပါ
သေမှာကြောက်သူတွေအတွက်
အဲဒီဖြတ်ပိုင်းကတန်ဖိုးမဲ့နေမှာပေါ့
တကြိမ်လဲကျဖူးတိုင်းပြန်မထနိုင်ခဲ့ရင်
အကြိမ်ကြိမ်လဲကျဖို့ လဲထိတ်လန့် နေမှာပဲ ။
ဗြောင်းဆန်နေအောင် ဟားတိုက်လိုက်ချင်တယ်
ခမ်းနားတဲ့သီအိုရီတွေရှိတဲ့အရပ်ဒေသမှာ
လူသတ္တ၀ါဖြစ်လာရတာကံကောင်းတယ်လို့ မှတ်
လူ့ ဗလာန(သို့ )လူ့  အန္ဓဆိုတာ
တတ်သိထားသမျှပညာတွေ ၊သညာတွေနဲ့မဆိုင်ဘူး
စိတ်ကောင်းဝင်နေတဲ့အချိန်မှာတော့
အသုံးဝင်ကောင်းဝင်နေပါလိမ့်မယ်
ဆက်ဆံခဲ့ဖူးတဲ့သူတွေရဲ့ စွတ်ကြောင်းတွေကို
ယုံယုံကြည်ကြည်နဲ့ အမနာပသာ
လေ့လာကြည့်လိုက်ပါ
ခြေရာအတုတွေ အလိမ်းလိမ်း အထပ်ထပ်
မြင်ကွင်းတွေဟာရုပ်ပြောင်းရုပ်လွှဲ
အတတ်ပညာတွေနဲ့ မွစာကျဲလို့ ။     ။
ဤတွင် နိထ္တိတံ ၏ ။
မိုးသူ(တောင်ကြီး)
20 July 2012/Friday
05:52/Pm
Digital Version
6 comments:
အလွမ်းမြို့ said...
မိုးသူရေ..
အလွမ်းတော့ ဖတ်တာ တော်တော်လေး ကြိုးစားဖတ်ရတယ်။
အဲလို ပိန်းထှာ။ ၃...၄..ခေါက်ဖတ်မှ နားလည်လာတယ်.
အဟီး
လာရောက်အားပေးသွားတယ်နော်။
ခင်တဲ့
မကြီးလွမ်း
စံပယ်ချို said...
ပ၀ါမရူဘူး ..ရေမကူဘူး
ကွမ်းတရာမလိုဘူး ရေတမှုတ်မလိုဘူး
အနုပညာသွေးစက်တွေအတွက်
ဝိဥာဉ်တွေဟာ နတ်စုန်းတို့ ရဲ့ 
နုလုံးအိမ်မှာ စတေးခံ
တစပ်စပ်တုန်လို့ ပူးကပ်ဝင်စားခဲ့တယ်
မိုးသူရေ
အဲဒီအပိုဒ်လေးကိုပိုပြီးကြိုက်မိတယ်
Mary Grace said...
Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog
တတိယမြောက်သမီးတော် said...
စိတ်ကစဥ့်ကလျားဖြစ်စဉ်မှာ
တိတ်တဆိတ်ခြင်းအတတ်ပညာတွေသင်ယူရင်း
မီးခိုးကြွက်လျှောက်အော်အော်ငိုတတ်ခဲ့ပြီ ။
ခံစားသွားတယ်ရှင်
Sweety Snow said...
အားပေးသွားပါတယ်.. နားလည်အောင် အတော်ကြိုးစားဖတ်ရတယ် ကဗျာဆရာရေ.. အားကျတယ်.. တကယ်
ချစ်စံအိမ် said...
ကဗျာတွေကမြင့်တယ် မိုးသူရေ...
Post a Comment