သေခြင်းတရားနဲ့ အာလူစားသူများ


ငြိမ်သက်သွားတဲ့ဝဠာပြင်အောက်မှာ
ချွတ်ချုံကျနေတဲ့အတွေးအခေါ်တွေ
ထိုးထိုးထောင်ထောင်နဲ့ အမှောင်ချလို့ 
တဏှာအဇဋ္ဋာပြင်တခွင်လုံးကိုအကြမ်းဖက်ဖို့ 
မစ္စရိယစိတ်ငွေ့ တွေနဲ့ 
တိတ်တဆိတ်ကြံစည်လို့ နေလေတယ် ။

ဘာ......ဇရာအိုတရားလဲ
သူရင်းငှါးတယောက်ရဲ့ အိမ်မက်လို
ချွေးသံရဲရဲနဲ့ ယိုယွင်း
ဓမ္မပါလတရားတွေအဆိုသွင်းတိုင်း
ငိုချင်းတွေနဲ့ အတူပြိုဆင်းခဲ့တယ်

ဘာ.....မရဏတရားလဲ
သတင်းသမားတယောက်ရဲ့ စိတ်ကူးလို
အတွေးစတွေနဲ့ ထိတ်ဖျားရှူး
လောကပါလတရားတွေမူးမေ့သွားအောင်
သူတော်ကောင်းသဏ္ဍာန်မာန်ထောင်
အတ္တတွေတဆီတတန်းနဲ့ လဲဟန်ဆောင်ကောင်းခဲ့တယ်

တခါတလေ.....
ငါလဲရယ်ချင်တယ်ကံကြမ္မာရယ်
ဘယ်သူမပြုမိမိမှုကိုမေ့ထားကြသတဲ့
အထိုက်လျှောက်အချက်ပေးပေမယ့်
အခန့် မသင့်တော့ရှက်သွေးဖြာရတယ်
တွေးမနေပါနဲ့  ငေးမောလို့ လဲမနေနဲ့ 
အမှားဆိုတာဟာ သင်္ခါရတရားပါ
သေခြင်းဟာကိုယ့်ဘေးမှာရှိတယ်

မမြဲတဲ့ အနိစ္စတရားကို
ပန်းချီဆရာကြီး Vincent Willian Van Gogh
ဗင်းဆင့် ၀ီလျံ ဗင်ဂိုးက
သူ့ ညီဖြစ်သူ သီအိုထံရေးတဲ့ စာထဲမှာ
 ဒီလိုလေးပြောထားသတဲ့
"""ကြယ်တွေဆီ အရောက်သွားဖို့ တော့
သေခြင်းတရားကို စီးနင်းသွားရလိမ့်မယ်။
ဝမ်းရောဂါတို့ ၊အဆုတ်နာရောဂါနဲ့ 
ကင်ဆာရောဂါတို့ ဆိုတာဟာ
တို့ ကမ္ဘာမြေပေါ်မှာ သွားလာရေး
ယာဉ်တွေဖြစ်တဲ့ မီးသင်္ဘောတို့ ၊ ဘတ်စ်ကားတို့ ၊
မီးရထားတို့ လိုပဲ ကြယ်တွေဆီကို
ပို့ ဆောင်ပေးမယ့်ယာဉ်တွေ
မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။
အေး.....အဲဒီကိစ္စမှာတော့ အသက်ကြီးပြီးမှ
ငြိမ်ငြိမ်သက်သက် သေရတာမျိုးဟာ
ခြေကျင်ခရီး နှင်ရတာမျိုးပဲ""" ..တဲ့ လေ
29 july 1890 အသက် 37 နှစ်မှာ
မိမိကိုယ်ကိုမိမိအဆုံးစီရင်သွားပါတယ်
Vincent Willian Van Gogh
(ဗင်ဆင့်ဝီလျံဗင်ဂိုး)၏အနုပညာများအား
ဤကဗျာဖြင့် ဦးညွှတ်ကြောင်း
ဗင်ဂိုးအထ္ထုပ္ပတိအားမှီငြမ်းရေးဖွဲ့ ထားပါသည်
အားလူစားသူများသို့ >>>>>

မိုးသူ(တောင်ကြီး)
24mAy2012/Thursday
10:46/Pm

2 comments:

စံပယ်ချို said...

ကြယ်တွေဆီ အရောက်သွားဖို့ တော့
သေခြင်းတရားကို စီးနင်းသွားရလိမ့်မယ်--------
သေပါစေတော့ ကြယ်တွေဆီကိုသာရောက်ချင်သူပါပဲ

ချစ်စံအိမ် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်

Post a Comment