ကမ္ဘာကြီးအား ဣတိဟာသဗေဒပညာဖြင့်ဆန်းစစ်လေ့လာခြင်း




စိတ်ရှည်လက်ရှည်ကျဆင်းနေတဲ့ 
မိုးစက်မိုးပေါက်တို့ ကိုငေးမောရင်း
အရည်မရအဖတ်မရအတွေးတွေနဲ့ 
ကျူပ်ဟာ လပ်ဆတ်လှတဲ့ နံနက်ခင်းကို
တဏှာတချို့ နဲ့ ထွန်းညှိလိုက်တယ် ။

ကျူပ် ကောင်းကင်ပေါ်မှာပျံသန်းနေပြီ
ကျူပ်ရေအောက်ထဲမှာ ခရီးသွားနေပြီ
ကျူပ်ဟာ လကမ္ဘာပေါ်မှာခြေရာထားခဲ့ နိုင်ပြီ
ကျူပ်ရဲ့ ကျဉ်ဆံရထား
တနာရီ(၄၃၀)ကီလိုမီတာနှုန်းနဲ့ ခုတ်မောင်းနိုင်ခဲ့ပြီ ။

တိုင်းရင်းသားညီအကိုမောင်နှမများခင်ဗျား...........
အခုချိန်ကစပြီး ပစ္စုပ္ပန်ကဗျာတပုဒ်
အသံနေအသံထားဖြင့်ထုပ်နှုတ်
ရွတ်ဆိုမှာဖြစ်တဲ့ အတွက်
အားလုံး မိနစ်ဝက်ခန့် ငြိမ်သက်ပေးပါရန်
လေးစားစွာပန်ကြားအပ်ပါတယ် ။

အက်ျီကြယ်သီးဖြုတ်ထားတဲ့တိုက်ကြီးခုနှစ်တိုက်မှာ
အပြွတ်လိုက်အခိုင်လိုက်သီးပွင့်နေတဲ့ အတ္တတွေဟာ
မှည့်ဝင်းဝင်းလောဘတွေကိုအမောက်အလျှံစွတ်ခူးလို့ 
မသမာတဲ့ အဆိတ်ငွေ့ လှိုင်းတွေနဲ့ 
အရိပ်နေနေအခက်ချိုးချိုး
အရှက်သိက္ခာမငဲ့ကွက်ပဲထွန်ယက်ကြသတဲ့ ။

ကျူပ်စိတ်ကူးအရဆိုရင်
သြကာသလောကကြီးရဲ့ ဝမ်းနည်းမှုတွေကို
အဆုံးစီရင်ပစ်လိုက်ချင်ပြီ
ရံဖန်ရံခါ ကျူပ် ကျောကိုသပ်ချပေးတဲ့ 
ပျော်ရွှင်မှုတွေနောက်ကောက်ကောက်ပါအောင်လိုက်ရင်း
တဖြည်းဖြည်းသိမ်နုပ်သေးငယ်လာတဲ့ 
ကျူပ်စိတ်ဓါတ်တွေကို ဟားတိုက်လှောင်ရယ်(ရီ) လိုက်ချင်တယ်
ကျူပ်လူပီသတဲ့ လောကကြီးထဲမှာနေထိုင်ဖူးချင်တယ်
ကျူပ်လူပီသတဲ့ လူတွေနဲ့ စကားပြောဖူးချင်တယ်
ကျူပ်လူပီသတဲ့  လူတွေရဲ့ ဟာသတွေကိုနားထောင်ဖူးချင်တယ်

ဟယ်......ငမိုက်သား
ခေါ်မကြား
အော်မကြား
မော်ကြွားနေသလား..ဟဲ့
စော်ကားတဲ့တက္ကဗေဒတွေကို
သံသရာအတွက်အခဲမကြေဘူးကွယ်
ကျူပ်ဟာအဲဒီလို
သဘာဝဆင့်ကဲဖြစ်စဉ်တွေကို
အပီအပြင်ရှုံ့ ချပလိုက်တယ် ။

နာဂစ်မုန်တိုင်းအလွန်မှာ
တရားခွေတွေဖွင့်နားထောင်ခဲ့ဖူးတယ်
ဂီရိမုန်တိုင်းအလွန်မှာ
သံဝေဂတွေတလှေကြီးမျိုချခဲ့ ဖူးတယ်
ဆူနာမီလှိုင်းအလွန်မှာ
သြချလောက်တဲ့ ဥပါယာသ မီးတွေတပုံတပင်နဲ့ 
ပင်ပန်းဆင်းရဲ ခဲ့ရဖူးသေးတယ်
အလို......ဆုပ်ကပ်ကိုဖြတ်သန်းနေတဲ့ 
ကျူပ်တို့ ကမ္ဘာကြီး .....
တခါတလေ သာမညပြက်လုံးတွေနဲ့ 
ဝါးလုံးကွဲအောင်ရယ်(ရီ)ရတယ် ။


မိုးသူ(တောင်ကြီး)
31mAy 2012/Thursday
02:30/Pm




3 comments:

စံပယ်ချို said...

မိုးသူရေ
ဖတ်ပြီးသိပ်နားမလည်ဘူး(လိုက်မမှီတာကိုပြောတာ)
နှစ်ခါတောင်ဖတ်ခဲ့တယ်

ဖြိုးဇာနည် said...

ဒီတခါတော့ အတော်လေးလိုက်မှိတယ်ပြောရမယ်

မိုက်တယ် ကဗျာလေး ကျစ်ကျစ်လှစ်လှစ်ဖွဲ့ထားတယ်

ပျိုးယုဝသုန် said...

ကောင်းပါ့ကွယ်။ ဖတ်ပြီးကျေနပ်သွားတယ်

Post a Comment