ဧပရယ်သို့  နှုတ်ဆက်ခြင်း




ရုတ်တရက်
နှုတ်ဆက်တာမဟုတ်ဘူး...ဧပရယ်
နွေလည်မှာဆူးခဲ့တဲ့အဆိပ်စူး
အတိတ်ဦးရဲ့ ပုံပြင်ပျက်နဲ့ 
ဒီဇတ်လမ်းကလှည့်ထွက်
အဲလောက်တောင်...
ရက်စက်ရသလားကွယ်.........

တကယ့်ကိုမယုံချင်ဘူးနော်
မဆုံဖြစ်ခဲ့ရင်အကောင်းသား
ဟောင်းသွားတဲ့နောင်တတွေနဲ့
တောင်းထားတဲ့ဂတိတွေဟာ
ဒီတချက်နဲ့တင်လွင့်မှား
မြှားတစင်းရဲ့ ပစ်ကွင်း
ချွတ်ယွင်းချက်နဲ့ လွဲခဲ့တယ်.....

စာနာပေးပါ...ဧပရယ်ရေ
အခါခါတွေးတာ ..နွေအကြောင်း
ပေစောင်းစောင်းလဲလွမ်းရတယ်
ပမ်းသမျှတွေဖြေမဆည်သမို့ 
နွမ်းရတဲ့စိတ်အစဉ်မှာတော့
အမုန်းရိပ်ထင်ရင် ထင်စမ်းပစေလို့ 
ကြိတ်မှိတ်ကာခံစား
ဧပရယ့်စကားတွေလဲ
အဖန်ဖန်ကြားယောင်ဆဲ........

ထားခဲ့ပါတော့..ဧပရယ်ရေ
ငါ့ ....မျက်ရည်တွေမှာ
အများသက်သေရှိပါတယ်
အမျက်မပြေသမျှတော့
ရက်တွေလတွေနဲ့ အတူဆွေး
နောက်တနှစ်ကို
မျှော်ငေးရင်စောင့်နေပါ့မယ်ကွဲ့ .......

မိုးသူ(တောင်ကြီး)
01mAy2012/Tuesday
09:29/AM

5 comments:

လွင်ပြင်လှိုင်းငယ် said...

ထားခဲ့ပါတော့..ဧပရယ်ရေ
ငါ့ ....မျက်ရည်တွေမှာ
အများသက်သေရှိပါတယ်
အမျက်မပြေသမျှတော့
ရက်တွေလတွေနဲ့ အတူဆွေး
နောက်တနှစ်ကို
မျှော်ငေးရင်စောင့်နေပါ့မယ်ကွဲ့ .......


နောက်တစ်နှစ်ကို စောင့်မျှော်ကြတာပေါ့

ဧဒင်အချစ်ပုံပြင် said...

နောက်နှစ်တွေမှာဒီလိုမခံစားရဘဲပျော်ရွှင်နိုင်ပါစေ...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေးကို ဖတ်သွားတယ်။

မြတ်ဆီကို မမေ့မလျော့ အမြဲလာလည်တဲ့အတွက်ရော၊ ခင်မင်မှုအတွက်ပါ ကျေးဇူးတင်ပါတယ် ။း)

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

ချစ်စံအိမ် said...

ကဗျာလေးကောင်းလိုက်တာ
အားပေးသွားပါတယ်

စံပယ်ချို said...

နေရစ်တော့ ဧပရယ်ပေါ့နော်

Post a Comment