အလွမ်းများနှင့်မျှော်နေသူ


ဒီညဟာနောက်ဆုံးညလေးဖြစ်ပါစေ
မှော်ဆရာအဲလိုဆုတောင်းခဲ့တယ်
နိုးထပါတော့....ကြယ်စင်ရေ
လယ်ပြင်မှာကဝေမှောက်သလို
သေမလောက်ခံရခက်သမို့ 
လွမ်းရတယ်ကွယ်....

အဖူးအငုံဘ၀ကပွင့်ပါမှ
ပန်းအလှဖြစ်ရမတဲ့ လား
တမ်းတရတယ်...ကြယ်စင်ရေ
နွယ်တပင်လိုရစ်ပတ်
ရာသီအထပ်ထပ်မှာ
လွမ်းရတယ်ကွယ်.....

မိုးအမှောင်တွေယိုဖိတ်
သံသယအရိပ်ဆိုးတွေကြောင့်
အတိတ်ခြေရာစာနာမဲ့နေလို့ 
စိတ်စေရာရည်ညွန်း
ဒီတခွန်းပဲပြောလိုက်ချင်ပါရဲ့ 
လွမ်းရတယ်ကွယ်....

ဟယ်.......လွမ်းရတယ်ကွဲ့ 
ပမ်းသမျှပြေအောင်
ချမ်းမြမြအသဲစကား
လက်ဆောင်လေးပါးချင်ပါရဲ့ 
စိတ်ဆိုးရင်လဲပြေပေးပါ
အညိုးရှိခဲ့ရင်လဲဖြည်ပေးပါ
ရင်လေးတာတွေပြောမပြချင်ပါဘု
အစဉ်တွေးနေတာသူ့ အကြောင်းရယ်မို့ 
အခုမနှောင်းခင်ထုထောင်းခါ
ကြင်နာလက်သီးလေးနဲ့ 
တမင်တကာ တရက်ပြီးရင်...မဝေးရအောင်လို့ 
အလျှင်အမြန်တော့
ပြန်ခဲ့ ပေါ့နော်.......


မိုးသူ(တောင်ကြီး)
29ApRiL2012/Sunday
05:16/PM

No comments:

Post a Comment