ခွက်အတွင်းအစာဖြည့်နေသည်



ဒီနေ့ .....
ငါ့ မြှား ငါကိုယ်တိုင်ခွင်းမယ်
ပြသနာမီးထွန်းရှာမလို့ 
မင်းအဖော်လိုက်ခဲ့......

ကတိပျက်တဲ့ လမင်း
တူတူအိပ်ဖို့ ဇွတ်ငြင်းတယ်
ငါကိုယ်တိုင်လင်းဖို့ 
ဘယ်နေမင်းမှ
မခင်တွယ်ဘူးကွာ .....

မိရိုးဖလာယဉ်ကျေးမှုတွေတောင်
လောက်တက်တဲ့ ခေတ်
စကပ်ပေါင်တိုတွေကြား
မုဒိတာမပွားနိုင်ပဲ
ဆဲထည့်လိုက်တယ်......

ပိုးသတ်ထားတဲ့ ကြယ်ပြာတွေ
ခပ်ပေပေ ရာသီမှာမှ
အလေ့ကျပေါက်ချင်သတဲ့
စရိုက်မတူပေမဲ့ 
အကြိုက်တူရင်ဖြစ်တယ်.......

ငါသာမင်းနေရာမှာဆို
ချပ်ဝတ်တန်ဆာငါးပါးပြင်ဆင်ခဲ့မယ်
ဖုန်တင်နေတဲ့ အတိတ်တွေပေါ်
ဒလဟောသွန်ချလိုက်တဲ့ 
မာဂဓဘာသာစကားတွေဟာ
ပန်းနဲ့ ပေါက်သထက်နာတယ်......

နီယွန်ရောင်ညနေခင်းတွေဟာ
မိုးမျှော်တိုက်တွေကြားမှာ
တွားသွားလို့ သောက်ရေရှာတယ်
အလန့် တကြားအော်သံတွေနဲ့ 
မျက်ပြူးဆန်ပြာဖြစ်လို့ ပေါ့
ကံကြမ္မာရေ...
သူငယ်ချင်းပုံစံနဲ့ ပခုံးဖက်
အရက်ခွက်ချင်းတိုက်
စကားလုံးတွေနဲ့  ဖိုက်တင်ချရတာ
တော်တော်ပျင်းလာပြီ ....

မင်း.....တောင်းပန်တာတွေများနေပြီ
နောက်တကြောင်းဆက်ရေးဖို့ 
သမိုင်းစာမျက်နှာဟာ
ညစ်နွမ်းနွမ်းမှုန်ကုတ်ကုတ်နဲ့ 
စာတန်းထိုးဖို့ တောင်
မလောက်ငှတော့ဘူးလေ

အေးစက်စက်သောကတွေ
ကျည်ဆံရထားကိုခွစီး
ဘ၀မီးတောက်တွေနဲ့ 
ခုန်ကကြမယ်
သေမင်းရေ ...
ငါ့အနားမင်းမလာခဲ့ နဲ့ 

ငါဟာဘယ်လောက်ထိ
မှားယွင်းပြရအုံးမှာလဲ
ငါ့ကဗျာတွေ ......
ကိုယ်တိုင်.....ထ
ကိုယ်တိုင်.....က
ကိုယ်တိုင်.....န
ကိုယ်တိုင်.....အ ...ခဲ့ တယ်
ငါနဲ့ မဆိုင်ဘူးမလုပ်ပါနဲ့ 
အသာနေခဲ့တာများလို့ 
အသေနာခဲ့ ရပြီးပြီ လေ
မသိမသာဆိုတဲ့ အတိုင်း
မသိလို့ မသာဖြစ်ခဲ့တာလဲ
အကြိမ်ကြိမ်ပါပဲ ....

ကဲ ...........ငါသစ္စာဆိုပြမယ်
နေလောင်ထားတဲ့မျှော်လင့်ခြင်းတွေ
အိမ်အပြင်မှာမပျော်တော့တဲ့ ည
ဘ၀အတွက်ပေါင်မုန့် တဖဲ့ ဟာ
ကျက်သရေနဲ့ ပြည့်စုံတယ်
ဤမှန်သောသစ္စာစကားကြောင့်
...................................
ဤမှန်သောသစ္စာစကားကြောင့်
.......................................
ဤမှန်သောသစ္စာစကားကြောင့်
နောက်နေ့ ...နောက်နေ့ ...တွေမှာ
မေတ္တာနှင့်ဒွန်တွဲသော
ပေါင်မုန့် တလုံးဖြင့်အဟာရဖြစ်ရပါလို၏


မိုးသူ(တောင်ကြီး)
24 ApRiL 2012/Tuesday
05:13/PM

3 comments:

စံပယ်ချို said...

မေတ္တာနဲ့ဒွန်တွဲထားတဲ့ ပေါင်မုန့်
စားချင်လိုက်တာ (စတာနော်)
ကဗျာကောင်းတယ် အားလုံးနားမလည်ဘူး

ဖြိုးဇာနည် said...

အလန်းတွေ ဆွဲလှချေလားဗျာ
ကြိုက်တယ်ဗျို့ဒါပေမဲ့
ပြဿနာ မီးထွန်းရှာရင်တော့
အဖော်ုပ်ရဲဝူ့းဟီးးးး

Candy said...

ရေလည်မိုက်တယ်...
အတွေးတွေ လန်းတယ် :D

Post a Comment