အချဉ်ပေါက်သွားသောစိတ်


ဂေဟ ပျက်စနစ်တွေထဲမှာ မှ
ထုံပေပေနေ..အိပ်နေလိုက်တယ်
ပုံပြင်ထဲကမြေခွေး
ကောက်ကျစ်တယ်ဆိုတာ
ဟုတ်ပါသလား....
မြွေဟောက်ဟာတကယ်ပဲ
လျှာနှစ်ခွပါသတဲ့လား
ဒါဆိုရင်တော့...
မင်းရဲ့ မျက်နှာဘေးပြင်လိုက်စမ်း...

အနေအထိုင်မတပ်တဲ့ မြို့ ရိုး
သူခိုးပြေးမှထိုးကွင်းထတယ်
ရိုးရိုးလေးပဲပြောမယ်
မရှိခိုးနိုးဘ၀မှာ
စုန်းမဟာမျက်နှာဖုံးစွတ်လို့ 
တိုင်းပြည်တ၀က်နင်းသတဲ့

အပျက်အပျက်နဲ့ 
နှာခေါင်းသွေးထွက်တာမဟုတ်ပါဘူး
ရောင်းဈေးထက်ပိုတဲ့မာနတွေနဲ့ 
ကျူပ်ဟာ...ဣထ္ထိယတယောက်ရဲ့ ဘေးမှာ
တေးဆိုဖို့ အပြင်းအထန်ပဲငြင်းဆန်ခဲ့တယ်

သုံညတွေနဲ့ မွှန်းထားတဲ့ ဘဝ
ဘယ်ကာလ ကတည်းကများ
သန္ဓေတည်နေသည်မသိ
ကြောင်ဖားကြီးတကောင်လိုခါးလျားရှည်ကြီးနဲ့ 
အပျင်းဆန့် လိုက်ချင်သေးတယ်
ဖြစ်နိုင်ရင်တယောတလက်လိုချင်ပါရဲ့ 
ရောမပြည်ကြီးမီးလောင်နေမှာဆိုးလို့ ပါ

လိပ်ခဲတည်းလဲဖြစ်နေတဲ့ ဒွိဟတွေ
ခပ်တည်တည်နဲ့ နှစ်ခြမ်းခွဲပလိုက်တယ်
ဒီနေ့ အတွက်....
ဒေါ်လာပေါက်ဈေးလဲမသိဘူး
ရွှေပေါက်ဈေးလဲမသိဘူး
ရေနံပေါက်ဈေးလဲမသိဘူး
စူပါစလွန်းဘယ်ဈေးလဲမသိဘူး
မသိဘူး..မသိဘူး...မသိဘူး
မသိဘူး...မသိဘူး..မသိဘူး
စတော့ဈေးကွက်ထဲက (stock)
ကန်စွန်းရွက်၊ချဉ်ပေါင်ရွက်
ဘူးသီး၊ခရမ်းသီး၊အာလူး၊ပဲသီးတွေဟာ
အသားလွတ်မာနကြီးပြသေးတယ် ...

တကယ်တော့ ......
နင်းပြားဆိုတာ နံပြားမှမဟုတ်တာကွယ်
သိပ်ဖိရိုက်စရာမလိုလောက်ပါဘူး
ယိုပေါက်တွေကိုပိတ်ဆို့ 
အရပ်ကတို့ ရေ.....
ကျုပ်....မနက်ဖန်အတွက်
ဒီနေ့ ရှင်သန်နေထိုင်တယ်.......

မိုးသူ(တောင်ကြီး)
26 ApRiL 2012/Thursday
05:00/PM

5 comments:

ချစ်စံအိမ် said...

အရပ်ကတို့ ရေ.....
ကျုပ်....မနက်ဖန်အတွက်
ဒီနေ့ ရှင်သန်နေထိုင်တယ်.......
အားပေးခဲံပါတယ်

စံပယ်ချို said...

ရိုးရိုးလေးပဲရေးမယ်နော်-----
(အနေအထိုင်မတပ်တဲ့ မြို့ ရိုး
သူခိုးပြေးမှထိုးကွင်းထတယ်
ရိုးရိုးလေးပဲပြောမယ်
မရှိခိုးနိုးဘ၀မှာ
စုန်းမဟာမျက်နှာဖုံးစွတ်လို့ 
တိုင်းပြည်တ၀က်နင်းသတဲ့)

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးကောင်းတယ်ဗျာ

အလွမ်းမြို့ said...

မိုးသူရေ အလွမ်းရောက်ခဲ့တယ်။ကဗျာကောင်းတွေမို့ တစ်လုံးစီသေချာဖတ် ဖြစ်ပါတယ်။ တစ်ဆက်တည်း
(((( သိပ်ဖိရိုက်စရာသိမလိုလောက်ပါဘူး))))) ဒါလေး မေးခွင့်ပြုပါ..
ဘာကိုဆိုလိုတယ်ဆိုတာပေါ့။။ မကြီးလွမ်းက ပိန်းထှာ သေချာနားမလည်လို့။
(((((သိပ်ဖိရိုက်စရာ သိပ်မလိုလောက်ပါဘူး)))) ကိုဆိုလိုတာလား ဟင်... အမှားကိုထောက်ပြတာမဟုတ်ပေမဲ့ မောင်နှမစိတ်နဲ့ ကဗျာလေး ပိုအသက်ဝင်အောင် တစ်ဖက်တစ်လမ်းမှ မသိတာကို မသိသလိုမေးမိတာပါ။ တကယ်လို့ အောက်အကြောင်းအတိုင်ဘဲဆိုရင်တော့ စေတနနဲ့ထောက်ပြပေးတယ်လို့ နားလည်ယူဆပေးပါနော်...
လာရောက်အားပေးခဲ့ကြောင်း


ခင်မင်တဲ့
အလွမ်း

မိုးသူ(တောင်ကြီး) said...

မကြီးလွမ်းရေ

ထောက်ပြပေးတာ ကျေးဇူးပါ ((((သိ))) ဆိုတာ မပါဘူးဗျNote pad ထဲ က ကော်ပီယူတာ မှားသွားလို့ ပါ post ခါနီးမှာproof မဖတ်လိုက်ရဘူးခင်ဗျာ အဲဒါကြောင့်လွဲကုန်တာပါ
ထောက်ပြပေးတာ ကျေးဇူးတင်ပါတယ်
အဲဒီတိုင်းပဲ ကျွန်တော်က ရှုပ်ပြာပြာနဲ့  ဟီးဟီး
ခင်တဲ့
မိုးသူ
တောင်ကြီး

Post a Comment