ဆုတောင်း


နေမင်းသည် ....
ကြယ်မှုန်တို့ အား လုပ်ကြံ၍
လမင်း သို့ စားမြုံ့ ပြန်သည်
ဒီနေ့ အတွက်.......
မိုးအုံ့ ပေးပါ

လေပြင်းသည် ....
တိမ်လွှာတို့ အား အဓမ္မပြုကျင့်၍
ကောင်းကင်ပြာသို့ ဖွင့်ဟသည်
ဒီနေ့ အတွက် ........
အမှောင်ချပေးပါ

ချစ်သူသည်
ကျွန်ုပ်အား လှစ်လျူပြု၍
ရက်စက်ခြင်းတို့ ဖြင့်လှောင်ရယ်သည်
ဒီနေ့ အတွက် ...........
ချစ်သူပျော်ရွှင်ပါစေ.....

မိုးသူ(တောင်ကြီး)
21ApRiL2012/Sat
09:33/AM

2 comments:

စံပယ်ချို said...

လေပြင်းသည် ....
တိမ်လွှာတို့ အား အဓမ္မပြုကျင့်၍
ကောင်းကင်ပြာသို့ ဖွင့်ဟသည်
ဒီနေ့ အတွက် ........
အမှောင်ချပေးပါ--------

မှောင်နေရင်ဘာမှ မမြင်ပဲနေမယ်

ချစ်စံအိမ် said...

ချစ်သူသည်
ကျွန်ုပ်အား လှစ်လျူပြု၍
ရက်စက်ခြင်းတို့ ဖြင့်လှောင်ရယ်သည်
ဒီနေ့ အတွက် ...........
ချစ်သူပျော်ရွှင်ပါစေ.....အရမ်းကြိုက်တယ်..

Post a Comment