တမ်းခြင်း



တွယ်တာသမျှတွေနဲ့ 
ကွယ်ရာကပဲ ချစ်မယ်..မောင်
အပယ်ရွာပင်လားပါစေအုံးတော့
တကယ်မခွါချင်ပါလစ်လျူရှုခဲ့
အပြစ်တွေဟာမထင်ရှားသမို့ 
နှစ်သစ်တွေမှာ တမင်ထားခဲ့ ပါတယ်
ကျွန်မ... ရင်ကြားမှာစူးခဲ့ တဲ့  ဆူး နဲ့ 
တသက်လုံးလဲ ရူးရတော့မယ်ထင်ပါရဲ့ 

မောင့်အတ္တတွေကြောင့်
ကျွန်မဖြောင့်ချက်လဲမပေးချင်တော့ဘူးကွယ်
ကြင်နာခြင်းတွေဟာ
နာကျင်ခြင်းအသွင်နဲ့ ဖုံးလွှမ်း
မဆုံးတမ်းလဲ လွမ်းတယ် ...မောင်
ရုန်းမရတဲ့ သံယောဇဉ်
ပြန်ပြောရင်တော့ ရင်နာလှတယ်
အထာကျတယ်လို့ ထင်ချင်ထင်
ကျွန်မဟာ ဘ၀ကိုလဲပြင်ဆင်ခဲ့တယ်

အသေအချာချစ်ခဲ့ ပါရဲ့ 
မရေရာတဲ့ သောကတွေနဲ့ 
ပြောမရတဲ့  အမုန်း
ကျွန်မ...နှလုံးကိုရိုက်ခပ်တယ်
မောင်ရေ...တစိတ်လောက်ပြုံးပါနော်
အတိတ်နောက်မှာကျန်ခဲ့ တဲ့ တေး
ကျွန်မ အတွက်ဘေးဖြစ်ခဲ့ တယ်
အတွေးမှာရစ်တဲ့  သိက္ခာ
စိတ်ကိုပါ မယုံရဲ လို့ 
ပုံပြင်တွေနဲ့ ကွဲလွဲတဲ့ ညနေ
ကျွန်မကိုယ်ကျွန်မသာ..သတ်သေလိုက်ချင်ရဲ့ 

မောင်ရေ...
တမ်းတရလွန်းတယ်ကွဲ့ 
မှန်းဆမရတဲ့ အနာဂတ်တွေက
အယောင်ယောင်အမှားမှား
ဝါးတားတားနဲ့ ကျီစယ်
ရည်ရွယ်ကာ မောင့်အကြောင်းကိုတွေး
ကျွန်မ...ခပ်ငေးငေးလေးဆွေးနေတယ် ....

အဲဒီညနေက ကျွန်မ ငိုခဲ့ တယ်......မောင်ရေ.....

ယွန်းငယ်ငယ်(သို့ ) ဇင်မာ(ခေတ္တ S'pore)
22 ApRiL 2012/Super Sunday
06:25/AM

No comments:

Post a Comment