ရောင်းရန်မဟုတ်


ဂူအောင်းနေတဲ့ ပြည်တစိုစိုအနာဖေးတွေအချပ်လိုက်ကွာကြဖို့ 
အနက်ရောင်ပတ်တီးစရဲ့ ခေါက်တွန့် ကိုဆွဲဖွင့်
မျှော်လင့်ခြင်းလက်တို့ နဲ့ တလွှာချင်းဖြည်ချလို့ 
သိပ်လှလွန်းမဲ့ အလင်းရောင်ဟာ တဖြည်းဖြည်းပျို့ တက်လာတယ်
အတိတ်ရဲ့ သွေးစက်တွေ မျက်ရည်စတွေကိုနှစ်သိမ့်ပေးပါ
သွေးချင်းတို့ ရေ......
ကြေကွဲစရာကောင်းတဲ့ အတိတ်ဆိုးဆိုးဝါကျတွေကို
ဒီနေ့ ဒီချိန် ဒီနေရာလေးမှာပဲ ရပ်တန့် လိုက်ကြရအောင်

သွေးချင်းတို့ ရေ...
ကုန်ဘောင်ခေတ်နှောင်းရဲ့ နောက်ဆုံးနေ့ တွေဟာ
ရာဇ၀င်မှာမှေးမှိန်ခဲ့ပေမဲ့ သေးသိမ်ခြင်းအလျှင်းမရှိ

ဒို့ တတွေရဲ့ ဧရာဝတီသတို့ သမီးဟာအပျိုရည်မပျက်ခဲ့ပါဘူးနော်
ဒို့ တတွေရဲ့ အသွေးအသားထဲမှာစီးဆင်းနေတာဧရာဝတီရဲ့ အသွေးအသားတွေလေ
ဒို့ တတွေရဲ့ ဧရာဝတီဟာခေါ်တိုင်းလိုက်တဲ့ အပျက်မတယောက်မဟုတ်ဘူး
ဒို့ တတွေရဲ့ ဧရာဝတီဟာခြေသလုံးအိမ်တိုင်ဂျလေဘီတယောက်မဟုတ်ဘူး
ဒို့ တတွေရဲ့ ဧရာဝတီဟာအားကိုးရာမဲ့ မဟုတ် မဟုတ် မဟုတ် မဟုတ် မဟုတ် မဟုတ်
ယုတ်စွ အဆုံး ရောင်းရန်မဟုတ်......

မိုးသူ(တောင်ကြီး)
10 ApRiL 2012/Tuesday
06:58/PM

3 comments:

ချစ်စံအိမ် said...

လာဖတ်သွားပါတယ်..

လွင်ပြင်လှိုင်းငယ် said...

မှန်လိုက်တာ ရောင်းရန်မဟုတ်ပါ

စံပယ်ချို said...

ဟုတ်ပါတယ်

Post a Comment