ပန်းတပွင့်အတွက် ဓါးညံ့တစင်း၏အနမ်း
ဆိုးရွံ့ မှုတွေအရည်ပျော်ကျနေတာများ
အသူရာနတ်စစ်သည်တွေ
စင်္ကြာဝဠာတိုက်တသောင်းကိုပဲ့တင်သွားအောင်
စစ်ရေးပြနေသလိုပါပဲ....
တူတန်ခမန်ရဲ့သင်္ချိုင်းဂူအောက်မှာ
မြုတ်နှံခြင်းခံရတော့မယ့်အနမ်းတပွင့်ဟာ
သူမရဲ့ ရှုတည်တည်မျက်နှာဘေးကို
အောင်မြင်စွာပဲလစ်လျူပြုလိုက်နိုင်တယ်
အဲဒီမှာပဲ......
ချယ်ရီရောင်ညဥ့်ငှက်တအုပ်
ဝေါခနဲ ထပျံသွားကြတယ်
ညဏ်များလွန်းတဲ့ ဓါးတစင်း
ကြပ်ညက်နေတဲ့ ဓါးအိမ်တွင်းကဆွဲထုပ်လို့ 
ပျားရည်မြစ်ထဲခုန်ဆင်းပလိုက်တယ်........
သူမဟာ....
ခရုတကောင်ရဲ့ လျင်မြန်မှုမျိုးနဲ့
အစိမ်းရင့်ရောင်တွေပက်ဖြန်းလို့ 
ခေါင်းကိုတွင်တွင်ခါငြင်းဆန်ခဲ့တယ်
မျက်ဝန်းထဲမှာလဲကြည်လဲ့နေတဲ့ ကြယ်မှုန်တွေ
ညီညာစွာလှည့်လည်တန်းစီ
ဆန္ဒခံယူပွဲပြုကြသတဲ့ .....
ညရဲ့ ဝိညာဉ်ဟာမျက်တွင်းဟောက်ပက်နဲ့ 
မျက်စိကြောင်နေပါတယ်
ချိုသက်သက်ဗောလ်ကာ တခွက်နဲ့ 
ငြိမ့်ညောင်းသာယာစွာစီးမျောလို့ ပေါ့
ကာရန်တွေဟာချည်ချောထည်ပါးလျလျလေးလွှမ်းခြုံလို့ 
ခန္ဓာဗေဒအစိတ်အပိုင်းတိုင်းကိုထင်ရှားပေါ်လွင်စေခဲ့တယ်....
ခဲပုတ်ရောင်စကားလုံးတွေနဲ့ 
သူမရဲ့ နောက်ကြောမှာကြက်ခြေခပ်လိုက်တယ်
ပန်းနုရောင်သွေးစီးတွေဟာ
တဖြည်းဖြည်းယိုစိမ့်ထွက်လာတယ်
ဘာသာမဲ့အကြည့်တွေမြူးတူးခုန်ပေါက်လို့ 
အဲဒါကိုများ....
သူမကရွဲ့ သလိုလိုနဲ့ ခနဲ့ လိုက်သေးတယ်
ရှင့် ဓါးက အတုံးကြီးတဲ့ လေ
ဒါပေမယ့်
ကျုပ်ဟာ ဘုန်းကြီးမဟုတ်တာတော့သေချာပါတယ်
ကျူပ်ဟာ မီးလွတ်စားတဲ့သူတော်စင်မဟုတ်ခဲ့ဘူး
ပိစိဖိတ်သမုဒ္ဒရာထဲကရေတခွက်ကို
ကြည်နူးခြင်းလက်တို့ နဲ့ ခပ်သောက်ပါရစေ
ရန်ကုန်မြို့ ကြီးထဲက အိပ်ယာတခုပေါ်မှာလှဲရင်း
ကျူပ်ဆန္ဒတွေကို နွမ်းညှိုးတဲ့ 
ပန်းအိုးထဲမှာထိုးစိုက်လိုက်တယ်
သူမ နှုတ်ခမ်းချွန်ချွန်တွေဟာ
ကန္တာရ ဆူးခြုံတွေနဲ့ ရစ်သိုင်းလို့ 
သွေးစိမ်းရှင်ရှင်ဖြာထွက်နေတဲ့ 
အသားတစ်တွေကိုဖဲ့ဝါးနေတယ်
သူမရဲ့ ဆံနွယ်တွေဟာရှုပ်ပွလို့ ပေါ့
ပန်းသီးတလုံးထက်ခြမ်းခွဲလိုက်သလို
ပုံပေါ်ပီပြင်စွာ နှုတ်ဆက်လိုက်ပါတယ်
မင်္ဂလာပါနော် ......
နူးညံ့ခြင်းတွေနဲ့ ယုယစွာပွေ့ ဖက်လိုက်ပါတယ်
စမ်းချောင်းမြို့ နယ် ရောဂါဘယကင်းဝေးပါစေ
အရိပ်မထင်တဲ့ စိတ်အစဉ်မှာတော့
စုန်းကဝေတွေရဲ့ တမန်တော်ဟာ
အမှောင်ထုရဲ့ ဟောက်သံတွေကို
နောက်ပြန်ခြိမ်းခြောက်လို့ သံယောဇဉ်တွယ်ပလိုက်တယ်
ပန်းပွင့်တွေဟာ...ရီသံတွေကို ချုပ်တည်းလို့ ငြိမ်သက်နေသတဲ့ 
မတ်လရဲ့ နောက်ဆုံးနေ့ တွေဟာချွေးစို့ လို့ ပေါ့
ပင်လယ်ကဗွီးပင်တွေဟာလဲ
အရွက်တွေကြွေကြဖို့ မေ့လျော့နေကြတယ်
သူမဟာ ဖြူရော်ရော်ဥယျာဉ်ထဲမှာ
ကျူပ်ကို အသံတိတ်ကဗျာရွတ်ပြသေးတယ်
နှလုံးသားကို ကြွက်လိုမျိုးသွားတွေနဲ့ 
ကိုက်ဖဲ့နေသလို တမြည့်မြည့်နာကျင်ခဲ့ရပါတယ်
ဖာရိုဘုရင်တွေရဲ့ ဈာပနနဲ့ အတူ
ကျူပ်နှလုံးသားကိုမီးသဂြို င်္လ်မလို့ ထင်ပါရဲ့ 
နဂါးငွေ့ တန်းတွေကြားမှာပစ်ခွင်းလိုက်တဲ့ 
မြှားတစင်းရဲ့ အလျင်နှုန်းနဲ့ 
နှင်းဆီတပွင့်ကို နင်းခြေပလိုက်မိပြီ
နာရီတွေကို ခွက်တလုံးထဲမှာကန့် သတ်လို့ 
အသူရာနတ်စစ်သည်တွေ
စစ်ပွဲအောင်နိုင်ခဲ့ တယ်....
သူမကြည်နူးနေပါလိမ့်မယ်
သူမစိတ်ကူးနေပါလိမ့်မယ်
သူမပျော်မြူးနေပါလိမ့်မယ်
သူမဟာအနာဂတ်တခုကို
ပုံဖော်ကောင်း ပုံဖော်နေပါလိမ့်မယ်
ကျူပ်ကတော့ မတ်တပ်ရပ်လို့ 
ပါးစပ်အဟောင်းသားနဲ့ ပေါ့
ကျူပ်ရဲ့ အိပ်ယာခင်းဟာလဲ
ကြွေမွတွန့် ခေါက်လို့ 
.................................
......................
..........
မိုးသူ(တောင်ကြီး)
09April2012/Monday
01:11/PM
2 comments:
ချစ်စံအိမ် said...
ကဗျာလေးလာဖတ်သွားပါတယ်..
စံပယ်ချို said...
အရိပ်မထင်တဲ့ စိတ်အစဉ်မှာတော့
စုန်းကဝေတွေရဲ့ တမန်တော်ဟာ
အမှောင်ထုရဲ့ ဟောက်သံတွေကို
နောက်ပြန်ခြိမ်းခြောက်လို့ သံယောဇဉ်တွယ်ပလိုက်တယ်----
စာသားလေးတွေသုံးထားတာလှတယ်
Post a Comment