ရက်စက်တတ်တဲ့  ..အင်းယား...


နင်....မမြင်နိုင်ခဲ့ပါ
ရင်ဆိုင်ခဲ့တဲ့အချိန်က
တိမ်တွေလဲငို
အိမ်မက်တွေလဲပြို
အားလုံးဟာယိုဖိတ်
တိတ်ဆိတ်စွာနဲ့ လွင့်ကျ
စွံအခြင်းတွေလွန်ကဲ
ဒွန်တွဲခဲ့တဲ့ မာနနဲ့ 
ဖြေးညင်းစွာခ၀ါချလိုက်တယ်

မုန်းလိုက်တာ...........
.........အင်းယားရယ်
အချင်းများခဲ့တာမဟုတ်ပေမယ့်
သတင်းစကားတွေလဲ
မကြားပါရစေနဲ့ 
ထားသွားမယ်လို့ လဲမထင်
ရင်ခွင်ဟောက်ပက်
နှောက်ယှက်နေတာ
သတိရခြင်းတွေပေါ့

အဲဒီညက.....
ကြယ်တွေလဲကခုန်
ခဏသာဆုံခဲ့တဲ့
နင့်အပြုံး....
နှလုံးမှာထင်ဟပ်
သိုဝှက်မှုအထပ်ထပ်နဲ့ 
တင်းကြပ်စွာကွယ်ဖုံး
အဆုံးရဲ့ အဆုံးထိ
ရစ်ထုံးဖွဲ့ သီ
ပုလဲစီကုံး
ငါ....လုံးဝ
ရုန်းမရခဲ့ဘူုးကွဲ့ 

မိုးသူ(တောင်ကြီး)
1 aPrIl 2012/sUn
11:46/AM

4 comments:

ချစ်စံအိမ် said...

အားပေးခဲ့ပါတယ်..

လွင်ပြင်လှိုင်းငယ် said...

ကဗျာတွေက တစ်ပုဒ်ပြီးတစ်ပုဒ် လက်စွမ်းတွေထက်နေတယ်
အားပေးလျက်ပါ မိုးသူရေ

အလွမ်းမြို့ said...

အားပေးသွားတယ်။ တကယ် ကောင်းတဲ့ ကဗျာလေး ပါ။ ရေးတတ်လိုက်ပါ။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေး လာဖတ်သွားတယ်နော်.း)

ခင်မင်စွာဖြင့်
မြတ်

Post a Comment