သို့ ..သူငယ်ချင်းမလေး

 
ဘယ်သူမှန်းမသိတဲ့ 
ကောင်မလေးတယောက်
တခဏလောက်အတွင်းမှာ
ခြေသံခပ်ပြင်းပြင်းနဲ့ 
အသက်မျင်းမျင်းတောင်ရှုခွင့်မရ
အတူဖွင့်ဟခဲ့တဲ့ ခင်မင်မှု
ပြုစုကာမှတ်သား
ရက်များမကြာသေးခင်မှာပဲ
ရင်းနှီးလို့ ကျွမ်းဝင်
အရမ်းခင်ခဲ့ ရတယ်  ....

ဝါသနာကအစတူ
မျှယူလို့ ခံစား
ကဗျာများနဲ့ ပြုံးခဲ့တယ်
အဆုံးမဲ့သံယောဇဉ်တွေနဲ့ 
နွယ်တပင်လိုနှောင်တွယ်
မယောင်မလည်နဲ့ လိပ်စာမေး
သိက္ခာလေးလဲတွေးရသေးရဲ့ 
လိပ်ပြာလဲသန့် ချင်ပါတယ်
စိတ်မှာလဲလန့် နေခဲ့တယ်


လည်ပင်းဖက်မပေါင်းခဲ့ ရပေမယ့်
သူငယ်ချင်းဟောင်းပမာယုံ
တဘ၀မှာတခါသာကြုံတဲ့ 
သံယောဇဉ်ကြိုးအမျှင်တွေနဲ့ 
နှောင်ငင်ကာတွယ်ရစ်
တကယ်လို့ သာ
အပြစ်တွေများမြင်ခဲ့ပါစေအုံး
တဦးနဲ့ တဦးမမုန်းကျကြေးနော်....

သူငယ်ချင်းမလေး
အေးချမ်းဝင်းသို့ ........

မိုးသူ(တောင်ကြီး)
22 March 2012/Thursday
02:53/PM

No comments:

Post a Comment