အလွမ်းများအစာမကြေခြင်း


အလွမ်းဆိုတဲ့ ဝေဒနာ
သေရာပါအောင်ကဗျည်းတင်
ငိုငြီးချင်ပါရဲ့ လက်တို့ 
တချက်အဖို့ မှာတော့
တသက်တာမို့ နှောင်တွယ်
မယောင်မလည်နဲ့ ချစား
ဘ၀များခါးသက်လှတယ်
ထားရက်တယ်လို့ လဲမပြောချင်
အစောတလျှင်ပဲမှိုင်းတိုက်
ရိုင်းလိုက်တဲ့ ဖြစ်ခြင်း
စစ်ခင်းဖို့ အကြောင်းရှာ
နင်ခေါင်းမာတာလဲသိတယ်
ထိလွယ်ရှလွယ်တဲ့ အသဲ
တန်ပြန်လို့ ခွဲအုံးမတဲ့ 
အခြံရံမဲ့နာကျဉ်းမှု
လာပြီးအခုမှမချွဲနဲ့ 
စွဲမြဲစွာလဲမှတ်သား
တရက်များတောင်မမေ့ဘူးကွဲ့ 

မိုးသူ(တောင်ကြီး)
25 March 2012/Sunday
11:06/AM

3 comments:

ချစ်စံအိမ် said...

အလွမ်းအစာမကြေဘူးဆို
ရက်ဆားနဲ့ရလောက်ဘူးနော်...
စတာ ကဗျာလေးကောင်း၏

လွင်ပြင်လှိုင်းငယ် said...

ကဗျာကောင်းလေး ခံစားရလို့ ကျေးကျေးပါ

ဖြိုးဇာနည် said...

အစာကြေလေနိုင်ဆေးမကယ်နိုင်ပေမဲ့
အစာမကျေ ဘိုထိုင်ဘေး ကျတော့လဲ
သွားလို့မရနိုင်တဲ့ ရောဂါ ပေပါလား

Post a Comment