ပုံပျက်သွားတဲ့ရိုးရာသင်္ကြန်




ပိတောက်တို့ ရဲ့ 
အိမ့်မက်ခြင်းတွေနိုးထ
မရိုးမရွခံစားမှု
ငါ လစ်လျူမရှုရက်ပြီ။

ဒီနှစ်ဒီရာသီ
မကြည်လင်စွာနဲ့ 
ရင်မှာခါးသက်
ငါ့အားဖက်ထားပေးလှည့်ပါ
အို...သင်္ကြန်

နှစ်ဟောင်းကအညစ်အကြေး
အခါခါထပ်အောင်ဆေးကြော
အတွေးမောမောတွေနဲ့ 
ဘေးပြောမှာရွံ့ ကြောက်
ခွန်းထောက်လေးငြီး
တန်ခူးလရဲ့ သမီးပျိုတောင်
အပျိုဖော်ဝင်စပြုပြီ ။

အတာလဲကူးတော့မယ်
ဘ၀ဟာဘာမှမထူး
နှစ်ဦးမှာမင်္ဂလာထားလို့ 
မြင်သမျှဗြဟ္မာဆိုပွားမယ်ကြံတဲ့စိတ်
အသံတိတ်ဇောချွေးပူပူနဲ့ 
ငွေစက္ကူတွေကိုအရည်ဖျော်
နေပျော်တဲ့ဘ၀မှာ
လက်လက်ထအောင်
ကဲပြမတဲ့လေ

သြော်.......
ကုန်းဘောင်ခေတ်
ယဉ်ကျေးမှုတွေ
နေရာမရလို့ 
ပြာယာခပ်နေကြတယ်

သိမ်မွေ့ တဲ့...အို...သင်္ကြန်
တရံရောအခါကပေါ့

ဖြူနီဝါပြာ
ရောင်စုံဖြာလို့ 
တဏှာတွေရောယှက်
ရက်စက်တဲ့အပျို
တဖြည်းဖြည်းတိုသထက်တို
အိုကွယ်......
ယိုသူမရှက်မြင်သူရှက်သတဲ့ လေ

ဘာကွ ညာကွနဲ့ မနှိုင်းနဲ့ 
သချုင်္ိင်းဝမှာ
ဆင်တူဝတ်စုံသင်္ကြန်မယ်တွေ
ရပ်စောင့်လို့ နေတယ်

တူးပို့ သံပြိုင်အစား
မထူးလို့ အသံယိုင်သွားသတဲ့လေ
ရော့အင်ရိုး သင်္ကြန် (rock N roll)
တက်ခ်နို သင်္ကြန်  (Techno)
ဒီဂျေ သင်္ကြန်  (DJ)
ဟစ်ဟော့ သင်္ကြန် (Hip Hop)
ဆူညံသံတွေကြားမှာ
ငါပဲ ၀ိပဿနာပွားနေရမတဲ့လား


မိုးသူ(တောင်ကြီး)
27March2012/TUESDAY
09:09/AM

No comments:

Post a Comment