နွေလည်အိမ့်မက်တွေနဲ့ သံဝါသပြုခြင်း


နွေလည်အိမ့်မက်တွေနဲ့ သံဝါသပြုခြင်း
(၁)
နွေလည်ရာသီဥတုဟာ
သူ့ ကိုယ်သူ အခွံခွာ
ရွံရှာသမျှတွေကို
ညာညာတတ်နေပြီ....

ရင်ထဲကပန်းတွေပွင့်တိုင်း
ချစ်သူကိုဆက်သချင်ပါရဲ့
တချက်မှမညိုငြင်ခဲ့တဲ့
အပျိုစင်ရဲ့ 
ဘ၀ကိုပိုင်ဆိုင်ချင်သေးတယ်

ပန်းသီးတလုံးအတွက်
မေထုန်ရာသီမှာ
မေထုန်မှုပြုခဲ့တာ
စွဲချက်တင်မလို့ လား

ဒါဆိုရင်တော့...
စီးကရက်ရနံ့ တွေနဲ့ 
တိတ်တဆိတ်သာ
နမ်းပရစေ...

(၂)
ဘ၀ကို....
ဌာန်ကရိုဏ်းကျကျရွတ်ဖတ်ပါ
ပျို့ ပျို့ ပြီးအန်ချချင်တဲ့စိတ်က
အပူရောင်ရုပ်နဲ့ 
လေလုံးကြီးနေခဲ့တယ်
ပြုံးပြီးအံတင်းတင်းကြိတ်ထားပါ

ဥပါဒ်ဒါန်ကြောင့်
အနာမရင်းစေချင်ဘူး
ပိုးသတ်ထားတဲ့လက်နဲ့ 
ကော်ဖီတခွက်အပိုငှဲ့ ပေးပါ....
ခါးသက်သက်မဖြစ်ပါရစေနဲ့ 

ပန်းခြံထဲကခုံတန်းလျားလဲ
သင်္ဘောဆီဆေးတွေ
အလွှားလိုက်ကွာကျနေပြီ
ညဏ်ကောင်းခဲ့လို့ ထင်ပါရဲ့ 
ရွဲ့ စောင်းနေလိုက်တာများ
မြင်မကောင်းအောင်ဘဲ

ပစ်စလက်ခပ်သာ
ပေါက်ကွဲပါ
လျှောက်ဆဲတာတွေနဲ့ 
ယဉ်ကျေးမှုမပြုရ...
ပြုပြင်ဆဲယာဉ်လို့ သာ
စာကပ်ထားလိုက်ပါ.......


(၃)
လတ်ဆပ်တဲ့ထင်းရူးပင်ရိပ်မှာ
မှေးမှိတ်ပရစေတော့
မြေသင်းရနံ့ တွေ
ထမီရင်ရှားနဲ့ 
ရေချိုးချင်ရှာနေမပေါ့...

အကောင်းစားလူ့ ဘောင်အတွင်း
နေထိုင်ခဲ့ဖူးလို့  ကျွန်တော်ဟာ
အညောင်းညာမိတဲ့ 
အိမ်မက်တွေထဲမှာ
ခဏတာကျင်လည်ခဲ့ဖူးတယ်

အဆက်သွယ်မရတဲ့ 
မြစ်ပြင်ထဲမှာ
ငါ့ အုပ်ဂူဖြူပါစေ
လူတကာတွေအတွက်
စီးဆင်းချင်လို့ လေ

ပရဟိတစိတ်
တထွာတမိုက်နဲ့ 
လောကကြီးဆီက
လက်ဝါးဖြန့် မတောင်းပါနဲ့ 
လမ်းကောင်းကောင်း
ပြုပြင်ဖို့ ပါ

(၄)
ပျင်းရိခြင်းတွေ
နိုင်ငံကူးလက်မှတ်
မြန်မြန်ရပါစေ....
တွေဝေခြင်းတွေ
အပြန်လက်မှတ်မပါတဲ့ 
နယ်နှင်ဒဏ်ပေးလိုက်ပါတော့..

ဖော်ရွေမှုတွေ
ဈေးကြီးတဲ့မြို့ မှာ
မြေကွက်မ၀ယ်ပါနဲ့ 
အခေါင်းပျဉ်ဖိုးသာ
လောက်ငှပါစေ...

ကမ္ဘာကြီးနလန်ပြန်ထရင်
နွေးထွေးစွာနဲ့ 
လိင်တူဆက်ဆံပေးပါ
မနက်ဖြန်တွေအားမွေးဖို့ ပေါ့....
တခြားမေးစရာများရှိသေးရဲ့ လား

ကျွန်တော်ဟာ
တောင်ကြီးသားအစစ်ပါ
မောမြေမှာ
အစောသေမဲ့ သူများ
စရင်းပေးသွင်းဖို့ 
မေတ္တာရပ်ခံပါသည်...

(၅)
အမေ...
ကျွန်တော်ငွေရှာတတ်ပြီဗျ
စာနာမှုမရှာတတ်သေးသမျှ
လူမဖြစ်ဘူးဆို
မာသာထရီဇာနဲ့ တော့
မိတ်ဆွေဖြစ်ချင်ပါရဲ့ 

ခေတ်အလိုက်
ဒွန်းစဏ္ဍားတွေကြီးစိုးနေတယ်
ရောင်းဝယ်ဖောက်ကားတဲ့စနစ်မှာ
လူကုန်ကူးမှုတွေ
မျိုးမျိုးမြတ်မြတ်လေးကျန်သတဲ့

ကျွန်တော်ဟာ...
ငါးမျှားတဲ့အလုပ်ကို
ခင်တွယ်ခဲ့ဖူးတယ်
သက်မွန်မြင့်နဲ့ 
ကလပ်မသွားဖူးပါ
ငါးစာဟာ
အဆီတ၀င်းဝင်းနဲ့ ပေါ့.....

(၆)
တဖက်ကမ်းခပ်
အတတ်ပညာနဲ့ 
ဒိုင်ယာရီမရေးပါ
သူရဲကောင်းအကြီးစားတို့ ရဲ့ 
ထောပနာပြုသံတွေမခံနိုင်ခဲ့ဘူး
ရောဂါကုဖို့ ဂီလာနသမားတွေ
အုံးအုံးကျက်ကျက်နဲ့ 
ကမ္ဘာမြေပေါ်ကို
စုရုံးရောက်ရှိနေကြတယ်....

ပိုးကိုက်ထားတဲ့
သစ်သီးတလုံးလောက်မှ
ဥပဓိရုပ်မကောင်းတဲ့ ကျွန်တော်
တော်ရာမှာလဲပျော်တတ်တယ်
ကပြက်ကချော်လဲ
လွမ်းတတ်သေးတယ်

နာရီလက်တံတို့ ဟာ
ကျွဲပခုံးထလို့ 
တစာစာငိုကြွေးအုံးမတဲ့
ဘယ်တုန်းကမှ
မလှပခဲ့တဲ့ ဘ၀ရုပ်
မရဏပြည်ကိုမမြန်းခင်
နတ်ရေကန်ထဲ
ခုန်ဆင်းမလို့ တဲ့လေ

ရယ်ဗီလွန်ကို.........သိတယ်
ကျူးပရက်ကို........သိတယ်
လိုရီရယ်ကို..........သိတယ်
ဟယ်သီးရှော့ကို... သိတယ်
ကျွန်တော်အညာမိချင်မိမယ်
အထာမသိခင်တော့
စာအရှိတိုင်းဖတ်ရပေမပေါ့

လုပ်ထားအုံးဟေ့....
ကံကြမ္မာရေ့ 
နေပြင်းပြင်းပူတဲ့ တနေ့ 
ငွေစက္ကူတထပ်ကို
မပြတ်တန်းတံတွေးဆွတ်
မကွေးညွတ်ပဲ
ရေတွက်ပြမယ်

(၇)
ကျွန်တော့ဘ၀ရဲ့ ဇာတ်လိုက်ဟာ
ဘီလ်ဂိတ်ဖြစ်လာခဲ့ တယ်
အမီနာအက်စတီမာကို
သဘောကျမိတာ
ဝန်ခံချင်ပါတယ်

ကြင်ရာတော်ဟာ
အမွှေးဆုံးပန်းတပွင့်ကို
ကပိုကရိုဆင်မြန်းထားတယ်
အပြင်ပမ်းအားဖြင့်တော့
ကောက်ကျစ်စွာလှပနေခဲ့ တယ်

ဆုံးမစာတွေနဲ့ 
အစာလဲကြေခဲ့ရပါပြီ
ချွေးစို့ နေတဲ့
တောင်တန်းပြာပြာတွေမှာ
ချယ်ရီတွေလဲတုန်း
တောင်ဂတုံးဖြစ်လို့ ပေါ့

အလိုမပြည့်မှုတွေ
သိက္ခာဆယ်မရတဲ့ အခါ
စိတ်ရဲ့ ဝန်ဆောင်အားကို
တင်နိုင်တာထက်ပိုတင်
နဂိုယဉ်ခဲ့တဲ့ အတွေး
ပြောင်စင်အောင်ဆေးကြော
ငေးမောလို့ တွေဝေတတ်ခဲ့ တယ်


မိုးသူ(တောင်ကြီး)
28March2012/Wednesday
01:06/PM

3 comments:

ချစ်စံအိမ် said...

လာရောက်ခံစားအားပေးသွားပါတယ်..

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးအရမ်းကောင်း၏ ခံစားသွားပါတယ်

စံပယ်ချို said...

ကမ္ဘာကြီးနလန်ပြန်ထရင်
နွေးထွေးစွာနဲ့ 
လိင်တူဆက်ဆံပေးပါ-----ကြောက်စရာကြီး


တောင်ကြီးသားအစစ်ပါ
မောမြေမှာ
အစောသေမဲ့ သူများ
စရင်းပေးသွင်းဖို့ 
မေတ္တာရပ်ခံပါသည်---- စံပယ်ချို စရင်းပေးခဲ့ပါပြီ

Post a Comment