သင်္ကြန်မယ်လေးများ.... သို့ 



ဟေမာန်နှင်းစက်တို့ 
ဆုတ်ခွါတဲ့ အချိန်
စစ်ချီတေးသံတွေနဲ့ အတူ
ဂိမှာန်ရာသီဥတုကို
ခပ်ကြမ်းကြမ်းဖောက်ခွဲလိုက်ကြတယ်

နေ့ အပူရှိန်တွေငိုင်တိုင်တိုင်နဲ့ 
သမ်းဝေလို့ နေကြတယ်
ဒိုးယိုပေါက်ပွင့်ကျနေတဲ့ 
နံနက်ခင်းအလင်းတန်းနဲ့ အတူ
ဝတ္တရားမဲ့စွာကခုန်ရင်းပေါ့



နွေဦးရဲ့ ကိုယ်သင်းရနံ့ တွေနဲ့ အတူ
တိမ်ကြိုတိမ်ကြားမှာအရောင်တောက်နေတဲ့ 
စိတ်ဝိညာဉ်အစအနတွေဟာ
ဗိုက်ဟောင်းလောင်းပွင့်ထွက်လို့ 
ဝမ်းမီးကောင်းနေကြလေရဲ့ 

ပန်းစားဘီလူးတကောင်ရဲ့ မာန်တွေနဲ့ 
ကျုပ်ကိုကျုပ်သိမ်းသွင်းပစ်လိုက်တယ်
နွေနှောင်းရာသီမှာမှ
ရွှံ့ အိမ်တွေဆောက်လို့ 
မိုးငွေ့ ကိုမျှော်ကြသတဲ့လေ

ပုတ်အယ့်အယ့်ရနံ့ တွေနဲ့ 
ပိတောက်ပန်းတွေကိုမပျိုးပါနဲ့ 
သွေးဆူလွယ်တဲ့သင်္ကြန်ကို
တဖြည်းဖြည်းဖဲ့စားပါရစေ....
နေ့ ဖို့ ညစာချန်ထားခဲ့ပါတယ်

ပိတောက်ပင်အိုကြီးက
ကျုပ်ကို...ဒီလိုပြောသတဲ့ 
သင်္ကြန်လက်ဆေးမိုးကို
မဏ္ဍပ်ပေါ်က
မမျှော်ပါရစေနဲ့ 
ရှာပုံတော်မင်းသားကြီးကို
အားနာလွန်းလို့ တဲ့ လေ

သုံးကုန်ပစ္စည်းတွေထဲမှာ
ပိတောက်တခက်ပါဝင်ခဲ့ဖူးတယ်
အတာကူးဖို့ ငွေဖလားတလုံး
လက်ဆောင်ရချင်ပါတယ်
စကပ်တိုနံ့ နံ့ နဲ့ 
ရင်ဟိုက်ကိုယ်ကြပ်အကျီ င်္ကို
ဧပရယ်နွေဟာ
စက်ဆုတ်စွာနဲ့ နှာခေါင်းရှုံ့ တယ်
အသားစားကျူးတဲ့ 
ပုရိသတွေဟာ
အစွယ်အဖွေးသားနဲ့ 
ရက်ရောစွာပြုံးဖြီးကြလိမ့်မယ်

ကုန်းဘောင်ခေတ်ဟာ
ရာဇ၀င်ထဲမှာ
သူ့ ကိုသူအတိတ်မေ့နေခဲ့တယ်
သံချပ်တေးသံတွေနဲ့ 
တူ့ ပို့ တေးသံတွေဟာ
ခုအခါမှာတော့
အစာရေစာငတ်မွတ်နေတဲ့
ကန္တာရမြေခွေးနဲ့အပြိုင်
သံချေးတက်လို့ နေတယ်

သင်္ကြန်မယ်လေးတို့ ရေ....
ပိတောက်ပန်းကိုမြတ်နိုးပါ
သင်္ကြန်ကိုရင်ခုန်ပါ
အတာကူးရင်းပျော်မြူးပါ
မြန်မာ့ယဉ်ကျေးမှုကိုမွှေးပျံ့ ပါစေ
မြန်မာ့ရိုးရာကိုထုံသင်းပါစေ
မြန်မာ့သမိုင်းကိုမရိုင်းပါစေနဲ့ 

မိုးသူ(တောင်ကြီး)
29 March 2012/Thursday
10:22/AM

2 comments:

ချစ်စံအိမ် said...

သင်္ကြန်မယ်လေးတို့ ရေ....
ပိတောက်ပန်းကိုမြတ်နိုးပါ
သင်္ကြန်ကိုရင်ခုန်ပါ
အတာကူးရင်းပျော်မြူးပါ
မြန်မာ့ယဉ်ကျေးမှုကိုမွှေးပျံ့ ပါစေ
မြန်မာ့ရိုးရာကိုထုံသင်းပါစေ
မြန်မာ့သမိုင်းကိုမရိုင်းပါစေနဲ့ ကောင်းတယ်ကွယ်...

ဖြိုးဇာနည် said...

သိပ်ကိုကောင်းမါန်ပါတယ်
အသိတရားရှိစေဖို့နှိုါ်ဆော်ထားတာလေးပါလား

Post a Comment