မြန်မာပြည်နဲ့ မအပ်စပ်သည့်ချစ်သူများနေ့ 


ဒီနေ့ တော့ မိုးသူ နဲနဲလေးလျှာရှည်ကြည့်ချင်လို့ 

အမြင်ကပ်တဲ့ သူက လဲ ကပ်မှာပေါ့ဗျာ ..ရပ်ကွက်ထဲမှာပြောသလိုပဲ

သူများစီးပွားရေး ဒုတ်နဲ့ သွားထိုးမှာကိုးဗျ...

ပြောချင်တာကတော့ ဒီလိုလေးပါ တခြားကိစ္စလဲမဟုတ်ပါဘူး

ပြီးခဲ့ တဲ့  14Feb2012 က လူငယ်တွေကြားမှာ ရေပန်းစားခဲ့ တဲ့ 

ချစ်သူများနေ့ ဆိုတဲ့  ဘာမှန်းမသိနေ့ လေးအကြောင်းပါ

ဘယ်နိုင်ငံရဲ့ ဂဇက်ဝင်နေ့ ထူးနေ့ မြတ်မှလဲ မဟုတ်ပါဘူး

မသမာရေပေါ်ဆီ လူအတ္တဘော စကောလောက်မှာဇောက်နက်တဲ့ 

စီးပွားရေးသမားတွေသပ်ရှိုလို့ ဖြစ်လာရတဲ့ 

ဘုန်းကြီးတပါးရဲ့ ဈာပန နေ့ ကို လူငယ်လေးတွေကြား

အဆိပ်မှိုင်းတိုက် အမြတ်ထုတ် အကျင့်ယုတ် စီးပွားရေးဈေးကွက်ချဲ့ ထွင် ပြီး

အရေမရ အဖတ်မရတဲ့  ပန်စည်းတို့ ချော့ကလက်တို့ 

အသဲပုံပါတဲ့ ပစ္စည်း သေးသေးမွှားမွှားလေးတွေကို


ဈေးတင်ရောင်း အမြတ်ထုပ်တဲ့ နေ့ ပါ

အခုလိုနှစ်မျိုးဆို ပိုဆိုးပြီ ရှိုးပွဲတွေ လာကြည့်မဲ့ သူမရှိလို့ လား မသိဘူး

promotion အနေ နဲ့  စုံတွဲတွေအတွက်လွပ်လွပ်လပ်လပ်ကဲနိုင်အောင်ကို

အခန်းကံစမ်းမဲ ဖောက်ပေးတဲ့  အစီစဉ်လေးတောင်ပါသေးရဲ့ 

လာတည်းခိုမဲ့ လူမရှိတဲ့  တည်းခိုခန်းတွေကလဲစီးပွားဖြစ်သောင်းကျန်းနေလိုက်တာ

အဲဒီနေ့ မှာအခန်းတောင်မရဘူး ဆိုလား ပဲ ....

သေချာတွက်စစ်ရင် မြန်မာပြည် ယဉ်ကျေးမှု နဲ့ လားလားမှ မအပ်စပ်ပါဘူး ...

မြန်မာပြည်က လူငယ်လေးတွေ ကလဲ ခက်သားဗျ

ကြုံတုန်းဖောက်သည်ချလိုက်အုံးမယ်ဗျာ

မိုးသူကို မနေ့ က အမေးခံရတဲ့ မေးခွန်း ရှက်များ တောင်ရှက်မိပါရဲ့  ...

မိုးသူ အကောင့်ထဲက မိန်းခလေးတွေရော ယောင်္ကျားလေးတွေရောပေါ့ဗျာ

တော်တော်များများပါပဲ ကိုကြီးမိုးသူ တဲ့  ချော့ကလက် ဘယ်နှခုရသလဲ တဲ့ 

... ဟိုက်ခ်ျ ... ဘာပြန်ဖြေလိုက်ရမှန်းတောင်မသိဘူး ...

တချို့  မိန်းခလေးတွေကျတော့ လဲ ချော့ကလက်စားရလား တဲ့  ..

မစားရဘူးလို့ ပြောရင်ပဲ သူတို့ က ကျွေးမဲ့ ပုံစံနဲ့  ...

ထားပါတော့.... ဆိုလိုချင်တာ က........

အခုခောတ်လူငယ်တွေ ကိုထိန်းကျောင်းတဲ့ 

မိဘတွေရဲ့ ထိန်းသိမ်းကွပ်ကဲမှုပုံစံ က ပဲ လိုအပ်နေတာလား

((((ဒါမှ မဟုတ်)))

ကျောင်းတွေကသင်လိုက်တဲ့ ဆရာ၊ဆရာမတွေ ရဲ့ သွန်သင်မှုတဲ့ 

ပညာရေးအခြေခံ နဲ့ လူ့ ယဉ်ကျေးမှုဆိုတဲ့လိုက်နာကျင့်သုံးသင့်တဲ့အမှုအကျင့်တွေကို

အသင်အပြအားနည်းနေတာလား

((((ဒါမှမဟုတ်))))

ခောတ် ကာလရဲပြောင်းလဲ တိုက်စားမှုကို အခွင့်ကောင်းယူပြီး

လူငယ်တွေ မယောင်ရာ ဆီလူးနေကျတာလား

အမှန်တကယ်ဆိုရင် အခုလိုတိုးတက်ခေတ်မှီတဲ့  လမ်းကြောင်းပေါ်မှာမေးတင်နေတဲ့ အချိန်

သူများနိုင်ငံတွေကို ယဉ်ဘောင်တန်းနိုင်အောင် လူငယ်တွေ အားထုတ်ကြိုးစားသင့်တယ်

နည်းပညာတွေကို အပတ်တကုတ်လေ့လာသင်ယူသင့်တယ်

အဲဒါမှာ တခြားနိုင်ငံကပညာတွေ နဲ့ ဦးနှောက်တွေကိုယ့်မြန်မာပြည်ထဲစီးဝင်လာမှာပေါ့ ..

အဲဒီလိုဆိုရင်နိုင်ငံဟာ အလျင်အမြန်တိုးတက်ဖို့ အခွင့်အရေးလဲရသွားမယ်

...အခုတော့ဗျာ ..မိုးသူ ရင်လေးလိုက်ပါဘိဗျာ...

လာမဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ အသိပညာအတတ်ပညာ

ယဉ်ကျေးမှုစရိုက်နဲ့  အနာဂါတ်မြန်မာနိင်ငံတော်ကြီးကိုဘယ်လိုတည်ထောင်မလဲ ဆိုတာ

မိုးသူမသေခင်လေး တော့ စောင့်ကြည့်သွားချင်ပါသေးတယ်...



မိုးသူ(တောင်ကြီး)

16 Feb 2012/ Thursday

07:14/Am

ဤစာပိုဒ်လေးအတွက်မိုးသူ(တောင်ကြီး)တာဝန်အပြည့်အ၀ယူပါသည်။။။။

7 comments:

လွင်ပြင်လှိုင်းငယ် said...

အားပေးသွားပါတယ်

Anonymous said...

မြန်မာပြည်နဲ့ မအပ်စပ်တာ မဟုတ်ဘူး။ ချစ်သူများနေ့ မှာ ချောကလက် ပေးကျွေးကြ လက်ဆောင်ပစ္စည်း ပေးကြတဲ့ ဓလေ့ လောက်ကို လက်ခံလို့ရတယ်။ ယဉ်ကျေးမှု့မှာ နယ်နိမိတ် စည်းမျဉ်းမရှိတဲ့ အတွက်ကြောင့် လက်မခံချင်လို့ မရဘူး။

လူငယ်တွေရဲ့ သဘာဝကို red light area လိုမျိုး စနစ်တကျနဲ့ ကန့်သတ်ပိုင်းခြား ထားမယ်။ ဟော်တယ်တွေ ရှိုးပွဲ တွေမှာ ဖေဖော်ဝါရီလ ၁၄ ရက်အတွက် ဘယ်လင်တိုင်း ခေါင်းစဉ် တပ်ခြင်းကို ကန့်သတ် ပိတ်ပင် တာမျိုး လုပ်မယ်။ (တခြား ခေါင်းစဉ် တပ်ပေါ့) ရှင်းရှင်းလေးပဲ။

သူများ ယဉ်ကျေးမှု့ကို နာမည်တပ် ပုံတူ ကူးမချ ခွင့် မရနိုင် ပေမယ့် လက်ခံကျင့်သုံး နေကြမှာပဲ။ အနည်း ဆုံးတော့ ဘာကြောင့် ခေါင်းစဉ် မတပ် သလဲ ဆိုတဲ့ အတွေး မျိုးတော့ လူတွေ စိတ်ထဲ စွဲသွား မှာပဲ။ အဲ့ဒီလို မဆောင်ရွက် နိုင်ရင် ယဉ်ကျေးမှု့ ၀န်ကြီးငှာန ဆိုတဲ့ အဖွဲ့အစည်း ကို ဖြုတ်ပစ်လိုက်ဖို့ သင့်ပြီ။

စံပယ်ချို said...

အပေါ်ကတစ်ယောက်ပြောတာအားလုံးမှန်ပါတယ်
တွေ့လိုက်တယ် အဲဒီသတင်းတွေအင်တာနက်မှာပျံ့နှံ့နေတာ

Anonymous said...

အောက်က တောင်ကြီး တစ်ယောက် ပြောတာ နားမလည်ဘူး။ ဘာတွေ ပျံ့နေတာလဲ။

ချစ်စံအိမ် said...

ခက်တယ် ခက်တယ် ရင်လေတယ်တကယ်ပဲ ဟူးးးးးးးးးး

အလွမ်းမြို့ said...

မိုးသူရေ...

လာရောက်ဖတ်ပြီး ပြုံး သွားတယ်။ အိမ်က အိမ်ဦးနတ်ကိုတော့ နက်ဖြန် ဗယ်လင်တိုင်းနော် တိုတို...လည်းပြောလိုက်ရော အဆူခံရသေး... ချစ်သူ ဘဝမှာလည်း ချောကလက်မပြောနဲ့ ချောကလက်နဲ့ဆင်တဲ့ ထန်ညက်တောင် မစားခဲ့ရဖူးလေ။ ခု အိမ်ထောင်သည်ဘဝမှာ မေးမိပါတယ်။ ဗယ်လင်တိုင်း အဓိပါယ် မသိရင်မပြောနဲ့တဲ့။ အေးရော။။ ခုလို စာလေးတွေတော့ ဖတ်ရတာ ကောင်းတယ် ။ အားပေးတယ်။ ပျော်ရွှင်ပါစေ။


ခင်မင်လျှက်
အလွမ်းမြို့

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မဖတ်၇သေးတာတွေရှာဖတ်ရင်းရောက်လာတယ်မိုးသူ...ဒီလိုအမြင်တွေသာလူငယ်တွေကြားမှာပျံ့ပွားနေရင်တော်တော်ကောင်းမယ်...အခုတော့သောင်းကျန်းချင်သူတွေအတွက်ခေါင်းစဉ်တပ်စရာရသွားတာကတော့တယ်မကောင်းလှဘူး...ခက်တယ်..လို့ပဲပြောရမလိုပါပဲ..

ခင်တဲ့
မဝသုန်

Post a Comment