အလွမ်းများ၏နောက်ကွယ်မှချစ်သူများနေ့ 


အပြစ်တွေမမြင်ပဲ
ချစ်ကြင်ခဲ့ရတာပါကွယ်
ယခင့် ယခင်နှစ်တွေကလို
မအိုနိုင်တဲ့သံယောဇဉ်ကြိုး
နင့်အမြင်မှာလူဆိုးဖြစ်ခဲ့သလားကွဲ့ 
အယူမရိုးတဲ့သစ္စာတွေနဲ့ 
ပတ်ရစ်ကာချည်နှောင်
ပီပြင်အောင်အသက်သွင်းချင်ပါရဲ့ 

နှစ်ဦးစုံညီအချစ်များနဲ့ 
သဘောထားလဲ မျှခဲ့ တယ်နော်
ရောပြွန်းသွားတဲ့ဥပေက္ခာတရားနဲ့ 
ငါ့ရင်ဘတ်လဲမူးယစ်သွားခဲ့တယ်ကွဲ့ 
နင်စွန့် ပစ်ခဲ့ တဲ့ အသဲ
ခပ်မွဲမွဲလေးထင်ကျန်
စိတ်အမြင်မှန်မှာတော့
ခပ်ဆွေးဆွေးလေးသတိရ
အခုထိအောင်တမ်းတ
မျက်ရည်တွေနဲ့ လွမ်းနေရတယ်ကွယ်


ပစ်ခွါလို့ ချန်ရစ်ခဲ့ သလားကွဲ့ 
လစ်ဟာနေတဲ့ နှလုံးသား
တကယ်ပဲ အမှန်းမပွားခဲ့ နိုင်ဘူးကွယ်
အရှုံးသမားသာဖြစ်ပေမဲ့ 
အပြုံးများနဲ့ တမ်းတ
လွမ်းသမျှတွေအပင်းဖြစ်စေအုံးတော့
ယခုနှစ်ရဲ့ ချစ်သူများနေ့ မှာ
အပြစ်တွေကိုဆေးကြောလို့ 
မျှော်လင့်ခြင်းတွေနဲ့ မောရတယ်ကွယ်

မိုးသူ(တောင်ကြီး)
04 Feb 2012/Sat
09:41/AM

No comments:

Post a Comment