နင့်ကိုမုန်းလို့ 


နောင်လာမဲ့ နက်ဖန်တိုင်းမှာ
ငါအထီးကျန်လို့ နေတော့မယ်
အပြီးတိုင်ခွဲသွားတော့ပါလားကွာ
မငြီးနှိုင်တဲ့ နင့်စကား
ငါအတွက်တော်တော်လေးခါးတယ်
တခြားမှာသွားပြောပါတော့လား
ငါ့ကိုများနွားဇာတ်သွင်း
တော်တော်လေးလဲရိုးရှင်း
ချစ်ရတာပျင်းဖို့ ကောင်းတယ်
မင်းမို့ ဗလောင်းဗလဲနိုင်လွန်းပါရဲ့ 
ပြောင်းလဲသွားတာအပြစ်မဖို့ နဲ့ 

ငါ့နှလုံးသားအသစ်အတိုင်းလေးပဲမို့ 
နဲနဲတော့ရိုင်းစိုင်းသွားတယ်ကွဲ့ 
မှိုင်းမိနေတဲ့အတွေးကိုရပ်
တစက္ကန့် မျှမပြတ်
တမိနစ်မျှမချန်
တနာရီမျှမလစ်လပ်အောင်
အမုန်းတွေနဲ့ ချည်ဖွဲ့ 
ခပ်ရွဲ့ ရွဲ့ လေးမေ့
တကွေ့ ကွေ့ တော့
တွေ့ အုံးမှာပေါ့.......

မိုးသူ(တောင်ကြီး)
30 January 2012/Monday
07:01/PM

No comments:

Post a Comment