အညွန့် ချိုးခံလိုက်ရတဲ့ အလွမ်း...


ဒီနေ့ နံနက်ခင်း
အတိတ်တွေကိုနင်း
မာနတွေကိုခင်းရင်း
ပြေပစ်စွာပဲအသက်သွင်းလိုက်ပါတယ်
နေရစ်ခဲ့တာမဟုတ်ဘူးနော်
ရေနစ်နေတဲ့ ငါ့လိပ်ပြာ
သိက္ခာတောင်မလုံခဲ့ ပါဘူးကွယ်
စိတ်မှာဝေတဲ့ အလွမ်းအတက်
အညွန့် တွေခေါင်ပျက်အောင်
ခြွေလိုက်ရက်သလားကွဲ့ ....

ညလေးရေ..
ဘ၀ပေးတဲ့ ကုသိုလ်ကံ
တခုခုလိုနေပြန်တယ်
အခုဆိုနေတဲ့ တေး
ငါဆက်မရေးတော့ဘူးကွယ်
အသက်ပေးလို့ ချစ်ခဲ့ပါတယ်
အချက်မပေးတဲ့ အမုန်းနဲ့ 
တသက်ရေးအတွက်ရှုံးရတော့မှာလား

အလေလိုက်နေတဲ့ နှလုံးသား
ဆုံးပါးသွားခဲ့ တာ ဆယ်စုနှစ်
ရည်ရွယ်ကာထုစစ်လို့ 
အခုဖြစ်သမျှကိုတေးမှတ်
အရေးအဖတ်ကျွမ်းတဲ့ ........မင်း
ငါ......ရိုးရှင်းစွာနဲ့ ဝန်ခံ
စိုးစင်းမျှမချန်တောင်
အတိုးအရင်းပါမဖိတ်အောင်လို့ 
မိုးလင်းမှအိပ်တဲ့နေ့ တွေလဲများခဲ့ ပြီကွယ်....

မိုးသူ(တောင်ကြီး)
20 January 2012/Friday
04:55/AM
ညလေးရေလွမ်းလို့ မသေနိုင်ပေမဲ့
သေလောက်အောင်လွမ်းနေတယ်ကွယ်

1 comment:

လွင်ပြင်လှိုင်းငယ် said...

ကဗျာကောင်းလေးအားပေးသွားပါတယ်

Post a Comment