ကဗျာပြပွဲ...
ငါ့ကဗျာ..
တော်ရာမှာဇော်မဖြစ်ပေမဲ့
ရွာမှာတော့ လူပျော်ပါ
မသူတော်တွေရှိတဲ့ မြို့ 
ခပ်ရို့ ရို့ လေးနေပေးလိုက်တာပေါ့
အရင်ကအရေးမစိုက်ခဲ့တဲ့ကာရန်
ရှာကြံကာ ကျပြောက်
ခဏလောက်ရေရွတ်စဲမှာ
တကယ်ပဲ ကျွတ်ကျဲမိတယ်
မစွတ်စွဲနဲ့ ... ဘုတ်ဆုံရေ
ရုပ်ပုံကသိပ်မပီပြင်လို့ 
စိတ်ကြည်လင်အောင်
အဖွာတော်ညှိ
ထိမိတဲ့ စာသားနဲ့ 
ကလိကလိဖြစ်အောင်ညာဝါးခဲ့ရပေါ့
အဲဒါများအဆန်းလုပ်
ရမ်းတုတ်တဲ့ကဗျာ
မန်းမှုတ်သလိုဗလာမဖြစ်
ဒါဟာအချစ်မဟုတ်ဘူးပေါ့
အလစ်မသုတ်ကြောင်းသက်သေထူ
အရပ်နေသူလူအများဖို့ 
ကူအားကလဲ မပါ
လူပါးကလဲမဝ
ခြူထားတာလဲခဏပဲမို့ 
မြူစားတဲ့ဘ၀တွေမွှေရော
ယူမထားနဲ့ အမောတွေကို
အစောတလျှင်ကျင်းပခဲ့ပါရဲ့ 
-----(¯`:´¯)-.
_(¯` .·´`·.´¯)
_(_. ·.¸¸.· ._)
__ ·-(_.:._)-·
မိုးသူ(တောင်ကြီး)
21 January 2012/Sat
06:15/PM
No comments:
Post a Comment