ခောတ်မှီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ 



ကဲ...ဘယ်လိုလုပ်ကြမလဲ
ငါ့..အယူအဆတွေ
အူတူတူနဲ့ အငြူစူတောင်
မခံနိုင်တော့ဘူး..

သက္ကရာဇ်တွေကြားမှာ
တွားသွားနေတဲ့
စားဖားတကောင်
ယောင်တောင်တောင်လဲဖြစ်ခဲ့တယ်
ကြောင်တောင်နှိုက်တတ်တဲ့  စရိုက်
မကြိုက်ဆုံးပဲကွာ...
အမိုက်ဖုံးတဲ့ သြကာသမှာ
ထောပနာတွေသာပြုခဲ့တယ်....



အခု...အခု..ရက်စက်ပါ
မပျက်မကွက်
ရွက်ထမ်းထားတဲ့
ရှစ်ပါးလောကဓံ
ကျောလှန်ကာခံလိုက်မယ်ဟေ့.....

တစိတ်လောက်မေးစမ်းပါရစေ
တအိတ်လောက်လဲမဖြစ်ချင်နေပါ
သေရွာတော့မသွားနိုင်သေးဘူး
အော်ရီချင်..အော်ရီလိုက်စမ်းပါ
ဘော်လီကြိုးပြတ်ခဲ့တဲ့ ....2011
ပစ်ပစ်နစ်နစ်သာဆဲလိုက်ချင်ပါရဲ့ 
ကွဲထိုက်ပါတယ် အဲဒီအရှက်
ဘယ်ရက်စွဲတွေမှာမှ
ကိုယ်လုံးပေါ်မှန်မပါ
နောက်ကြည့်မှန်မပါ
စောင့်ကြည့်ရန်သာရှိပါတော့တယ်

ဘယ်သူပြုပြင်ပေးမှာလဲ
အခုရင်လေးနေတာက ပစ္စုပန်
နစ်မြုတ်ရန်လက်တကမ်းအလို
ကယ်တင်ရှင်ပုံစံနဲ့ အစရိုးခဲ့တာပေါ့
ဘ၀ကဆိုးပါတယ်
လုပ်ရက်လိုက်တဲ့ငါ့မရိုးမရွ
သူခိုးထ မီးလောင်
......................လို့ 
မပီးသေးတောင်မှ
ဇိမ်မယ်တွေအိမ်မှာပုဆိုးခြုံကွေး
ယုန်ရုပ်လေးလဲရေးခဲ့သေးတယ်

ပြင်လိုက်စမ်းပါ
လင်..အစမ်းယူသလိုမှမဟုတ်တာ
အထင်နဲ့ ရမ်းတုတ်
ရှမ်းတရုပ်မ စကပ်ကွဲသလိုလဲကွဲ
အပျိုဖြန်းမ အောက်စလွတ်သလိုလဲလွတ်
ကျွတ်တယ်ကွာ......
စွတ်ကျယ်ဟာ ကမ္ဘာကြီးကို
ရင်ဘောင်တန်းနိုင်မတဲ့လား
အရမ်းနိုင်တယ်ဆိုပြီး မုဒိန်းကျင့်
ငါတော့ဖြင့် ရင်တထင့်ထင့်နဲ့ ပေါ့.....
................
...........
.....

မိုးသူ(တောင်ကြီး)
06January2012/Friday
09:23/AM

No comments:

Post a Comment