
ဇောခုနှစ်ကြိမ်ဓါတ်ကင်ခြင်း
အဲဒါ......
သိကြရဲ့ လား
ငါဟာ......
ပြာနှမ်းနှမ်းကောင်းကင်မဟုတ်ဘူး
မောင်းတင်ပြီးချိန်သားကိုက်
ပစ်မဲ့မြှားလဲမဟုတ်ဘူး
တခြားမဲ့မှာလဲ
ငါ့ကိုငါမသိခဲ့
တကယ်တော့
အရှိမဲ့ပုံဆောင်ခဲပါ
ယုံအောင်လဲပြောဖို့ ကမ၀ံ့...
ခပ်ရင့်ရင့်အရောင်တွေနဲ့ 
တောက်ပခဲ့တယ်
ဘယ်လောက်မှတော့
ထုံမကူးခဲ့ပါဘူး
ဆုံဖူးခဲ့တဲ့နေ့ 
ငါမမေ့လို့ ပေါ့
အဲဒီမှာတင် တခန်းရပ်.....
လေပြေသွေး................ရေ
ကံ့ကော်နီ..............ရေ
ကိုမြစ်ငယ်.......ရေ
ကိုဇာတိ.....ရေ
............ရေ
..................ရေ
.........................ရေ
..................................ရေ
အဲဒီနေ့ က
ကျွန်တော်လေ
တော်တော်လေးကိုရေငတ်တယ်ဗျ
တော်သေးတာပေါ့နေတတ်ခဲ့လို့ 
အသေမတတ်သေးတော့လဲ
ဖြေတတ်အောင်လွမ်းရတယ်လေ
တခါတလေများဗီဇကို
ညီမျှချင်းချလိုချ
ပီသလွန်းတဲ့ မျှော်လင့်ခြင်း
သက်ပြင်းတွေဟာ
ဂီတသံစဉ်အလား
ဖျားသွားမယ်လိမ့်မယ်ကွဲ့ 
အနားနားကဖယ်နေလိုက်စမ်းပါ
ဒီမှာ အပျိုမတသိုက်နဲ့ 
ငိုခြင်းးချမလို့ ............
မိုးသူ(တောင်ကြီး)
03January2012/Tuesday
07:55/AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment