အတောင်ညောင်းတဲ့ ငှက်


ပျံသန်းရာတလျှောက်

ဝေဟင်ကိုဖောက်

အမြင့်ကိုရောက်လဲ

ခရီးကမဆုံးသေးဘူးကွယ်

ခြေရာတွေထင်ကျန်

အမြင်မှန်တွေနဲ့ တွေး

မေမေ့ဆိုတေးတပုဒ်

ထုတ်နှုတ်ပြီးအလှဆင်မယ်


ခဏအပြင်မှာတော့ကြမ္မာရိုင်းက

မြူတွေနဲ့ အုံ့ မှိုင်းနေတယ်

ဘယ်သူတွေယုတ်ရိုင်းနေပေမယ့်

မေမေမှာခဲ့တာရှိသေးတယ်

လောကကြီးကို ....

ခေါင်းထောင်ကြည့်ပါ....သားရေတဲ့

လူတွေရှေ့ မှာတော့

ခေါင်းငုံ့ ထားပါတဲ့ လေ....

မေမေ့စကားနားမလည်ခဲ့ပါဘူး

အခုတော့...

လောကဓံကိုအန်တု

သူပြုသမျှ ခံနေခဲ့ရတယ်

ပြန်ချစရာ မြှားလက်နက်ကလဲ

တဖြည်းတဖြည်းနဲ့ လျော့ရဲ

ပျော့တွဲတွဲနိုင်လှတဲ့ ....

မာနကိုအခြေခံ

ဝေယံမှာအတောင်ဖြန့် လို့ 

ဒီနေ့ တော့အဆုံးထိအောင်ပျံသန်းမယ်......

မိုးသူ(တောင်ကြီး)
29December2011/Thursday
08:50/Am

No comments:

Post a Comment