ခေါင်းစဉ်မရှိခဲ့သော စာအတိုများ(၂)


ခေါင်းစဉ်မရှိခဲ့သော စာအတိုများ(၂)
======================
(၁)
ငါဟာပင်လယ်ဖြစ်ခဲ့ ရင်

နင်မုန်တိုင်းထန်မှာလား

နင်ကောင်းကင်ကြီးဖြစ်မယ်ဆိုရင်တော့

ငါကြယ်တွေချွေချပြပါ့မယ်....

(၂)
သံဇဉ်တွေကြားမှာစီးမျော

မပြီးသေးသော အနာဂတ်မှာ

စာမတတ်ခဲ့တဲ့ နောင်တတွေနဲ့ 

နင်လက်ညိုးညွှန်တဲ့နေရာတိုင်းမှာ

ငါ့အလွမ်းတွေဖြစ်တည်စေ ......


(၃)
ဈေးမစစ်ပါနဲ့ 

တေးဖြစ်မယ့်

ရင်ခုန်နှုန်းနဲ့ 

မင်းပြုံးပါစေ.....

(၄)
 အဓိပ္ပါယ်တွေနဲ့ ရှင်သန်ဆဲမှာ

အရိပ်တွေလိုက်နွယ်နေတဲ့ အတိတ်

ဟိတ်ဟန်ကောင်းကောင်းနဲ့ 

ရာအိမ်မှူးဖြစ်နေခဲ့ တယ်

(၅)
ပန်းဖြစ်ရင်လဲ မနွမ်းချင်

စမ်းဖြစ်ရင်လဲ မခမ်းချင်

အနမ်းဖြစ်ရင်လဲမလွမ်းချင်

သခင်ရယ်.....

တမ်းတခွင့်တော့ပေးသနားပါ

(၆)
သံယောဇဉ်ဓါးသွားမထက်ပေမဲ့

ပြန်ပြောရင်ထားသွားရက်မယ်လို့ 

မထင်မိခဲ့ပါဘူးကွယ်

သခင်မသိလိုက်တဲ့ နှလုံးသား

အရှုံးများနဲ့ လေနေတယ်....

(၇)
ခဏဝေးနေပေမဲ့

တဘ၀စာဆွေးနေရတယ်

အကျနာခဲ့ တဲ့အလွမ်း

ဇာတ်သိမ်းခန်းလဲရောက်ချင်ပြီ.....


မိုးသူ(တောင်ကြီး)

No comments:

Post a Comment