ကဗျာ....

ကဗျာဆိုတာ..
အတွေးတွေထဲက
အသွေးအသားကိုဖောက်ထုတ်
ကလောင်သွားနောက်မဆုတ်တာ...ကဗျာ

ကဗျာဆိုတာ...
ခံစားချက်တွေလင်ငယ်နေတဲ့အခါ
မကြောက်မရွံ
လက်မတွန့် တန်းရေးတာ.... ကဗျာ


ကဗျာဆိုတာ...
အလွမ်းတွေအပျော်မယားထားတဲ့ အခါ
မရှက်မကြောက်
လက်ဖြောက်လေးတီးပြီးရေးတာ...ကဗျာ

ကဗျာဆိုတာ...
ပန်းသီတာမဟုတ်
အလွမ်းတွေညီညာအောင်
မျှချေပေးတာလဲမဟုတ်
လက်သီးလက်မောင်းတန်း
လက်ပန်းပေါင်းခပ်စရာမဟုတ်
နင်ဟဲ့ ငါဟဲ့ လို့ အတင်းတွေကြားမှာ
အငြင်းပွားနေစရာမဟုတ်
တောသုံးမြို့ ကြိုက်
ခံစားမှုတွေနိုက်ထုတ်
အရှိုက်ကိုထိုးနှက်တဲ့
အမျိုးပျက်မတွေအတွက်လဲမဟုတ်
လော်လီဖောက်ပြား
မျောက်မထားတတ်တဲ့ 
အမျိုးသားတွေအတွက်လဲမဟုတ်
တကယ်တော့
ကဗျာဟာ ကဗျာ
ရင်မှာဗလာနဲ့ 
မှော်ဆရာလို ဖန်တီး
နှလုံးသားမြည်ဟီးအောင်
စည်တီးလိုက် သကဲ့သို့ ......

မိုးသူ(တောင်ကြီး)
23Nov2011/Wed
07:31 AM
ဝန်ခံချက်။  ။
ဒီကဗျာရေးပြီးတဲ့ အချိန်ထိ
မိုးသူမျက်နှာမသစ်ရသေးဘူး ဟီးးးးးးး

No comments:

Post a Comment