အိပ်ရေးမ၀သေးတဲ့ မာနများ

ဟေ့!!! ရူးးးးးးးတိုးတိုး

လျှက်ပေါ်လော်လီတတ်တဲ့ 

ကောင်းကင်ကြီးနဲ့ စကားပြောနေတယ်

အများပြောတာကိုမယုံဘူးဗျ

သကြားတွေလဲခါးနေခဲ့ပြီ

အစားတလုပ်ဒုတ်တချက်

ဗရုပ်ဗရက်နိုင်တဲ့မာနနဲ့ 

တခြားလူတွေအပုတ်ချတဲ့ အထဲ

ငါပါပါနေခဲ့ တယ်လေ.....


ကောင်းကွာ... သာဂိရာ

အညာမိမိသွားတဲ့ 

တခါးပျက်ကိုရင်ဆိုင်

ဒီတခါတော့ငါဖင်ထိုင်ကျသွားတယ်ကွ

ရင်ဆိုင်စရာတွေ တပုံတပင်နဲ့ 

ယုံချင်အောင် ခေါင်းမိုးက

မျက်ရည်တတောက်တောက်ကျပြသေးတယ်

ခဏခဏမေးတဲ့ မေးခွန်း

အစွန်းတဖက်ရောက်တဲ့ အခါ

င့ါညတွေတစ္ဆေခြောက်ခံခဲ့ရတယ်လေ

သေလောက်တဲ့ ဒဏ်ရာတော့မဟုတ်ပါဘူးကွာ

ပေမလောက်တဲ့  အခေါင်းပျဉ်ကိုဆက်

ချက်ချင်းထွက်ဆိုထွက်တတ်တဲ့ ဒေါသ

မောဟ အလွန်မှာ

ငါဟာ တဏှာတွေနဲ့ ထုံကူးခဲ့သေးတယ်

မယုံဘူးကွဲ့ ရယ်လို့ ငြင်းမှာလား

အတင်းတွေသာပြောတတ်တဲ့ ပါးစပ်

ဒီတခါတော့

စက်သေနပ်မှပစ်နိုင်ပါတော့မလား.....

ကဲကဲ..ငါဈေးရောင်းလိုက်အုံးမယ်ကွာ

ကမ္ဘာကြီးကိုလေလံတင်မလို့ ကြံ

ဗလာချည် အသေခံချတတ်တဲ့ 

ငါ့ရဲ့ အတ္တ နဲ့ လောဘ

စောဒကများဘယ်သူတက်ရဲ ခဲ့သလဲကွယ်

တရာဖိုးသုံးခုသာတန်တဲ့ မာန

ဈေးခေါင်း(ဂေါင်း)ကွဲတဲ့ အချိန်

လျော့ဈေးနဲ့ ငါးခုပေးခဲ့ လိုက်ရတာပေါ့ကွယ်.....


မိုးသူ(တောင်ကြီး)

14Nov 2011/Monday

No comments:

Post a Comment