အကျဉ်းတန်တဲ့ဆောင်း


ချမ်းနေဘီကွယ်...
စမ်းတ၀ါးဝါးနဲ့ 
လမ်းတွေလဲပျောက်
ရင်ဟာဟောက်ပက်နဲ့ 
အနှောက်ယှက်ကင်းတဲ့ နှလုံးသား
လစ်လျူရှုတတ်တဲ့ အပြုံးအောက်မှာ
မှောက်ရက်လဲခဲ့ တယ်

အေးနေပြီကွယ်
ဘေးဘီဝဲယာ
အကြင်နာမပါတဲ့ 
လှောင်သံတွေနဲ့ 
ငါ့ကိုရန်ဆောင်လေမလားရယ်လို့ 
ခြောက်ခြားခဲ့တာလဲအကြိမ်ကြိမ်
အလိမ်ခံခဲ့ရတာလဲမသိ
အိမ်အပြန်သာနောက်ကျ
တောက်ခေါက်သံဖွဖွလေးနဲ့ ပေါ့

ဒီလိုနဲ့ 
ဆောင်းညတွေကို
အထီးကျန်စွာကျော်ဖြတ်
အထပ်ထပ် သိမ်ငယ်တဲ့အတွေး
နင်မေးရက်ခဲ့သလားကွယ်
အေးစက်တဲ့ နှုတ်ခမ်း
အလွမ်းတွေသင့်အောင်
ကိုယ်တိုင်ဖွင့်ဟ
လွင့်ကျခဲ့တဲ့ မျှော်လင့်ခြင်း
အသက်သွင်းပေးပါတော့ကွယ်

မိုးသူ(တောင်ကြီး)
16Nov 2011/wed
03:02 Pm

No comments:

Post a Comment