အသက်မဲ့ခြင်း...


အမောဖောက်ပြီ
တောက်လျှောက်ခုန်လာတဲ့
ရင်ခုန်သံတခုပေါ့
အပြင်ပုံစံကတော့မပီပြင်
အစီစဉ်တွေကလဲမကျတကျ
နင်ခဏခဏခိုးရီနေခဲ့တာလဲသိတယ်
ငြိတွယ်မယ်ဆိုတဲ့သံယောဇဉ်
ပြန်မပြောချင်လောက်အောင်ရွံတယ်

မနေ့ ရှေ့ တနေ့ ရဲ့ နံနက်ခင်းတခုကပေါ့
မျှော်လင့်ခြင်း ခြေသံခပ်ပြင်းပြင်းနဲ့
မှော်ဆရာရဲ့ နှလုံးတခါးကိုရိုက်ချိုး
ပျိုးခဲ့တဲ့ လှောင်ရီသံနဲ့ 
မှောင်နေတဲ့ သမုဒယလွင်ပြင်မှာ
အကြင်နာ ရုပ်သေးရုပ်
ကြိုးရှုပ်ခဲ့ တယ်ကွယ်....

ဒီလိုနဲ့ ပဲ
တိမ်မြုပ်တော့မယ့် ညနေဆည်းဆာမှာ
ငြီးတွားသံလေးတခုနဲ့ 
အဖော်ပြုခဲ့ တယ်..
နင်ကတော့ ဘယ်မှုမလဲ
အလွယ်ဆုံးတခုခု ပြောလိုက်တာပ

နောက်တကြိမ်ရင်ခုန်သံကို
စိမ်မခေါ်ရဲ အောင်
အပြောင်ကိုရှင်းထုပ်
လိပ်ပြာပါနှုတ်သွားရက်သလားကွဲ့ 

မိုးသူ(တောင်ကြီး)
24Nov2011/Thursday
05:59/Pm
တုန်လှုပ်ခြင်းများစွာဖြင့်
ချယ်မှုန်းထားသည်။

No comments:

Post a Comment