အငြင်းသန်တဲ့ ပစ္စက္ခ


အားလုံးကိုဖောက်ထွက်
အနှောက်ယှက်ကင်းကင်းနဲ့ 
ပစ္စုပန်ပခုံးကိုဖက်လျှက်ပေါ့
တချက်တချက်အရှက်မဲ့တာတွေကိုသွေဖီ
လေနီကြမ်းတွေနောက်ကောက်ကောက်ပါသွားခဲ့ရလေသလားကွာ
ရေညီမှတ်တွေရဲ့ ဆုံမျဉ်းအတိုင်းလိုက်နာခဲ့ပါသေးတယ်
မြောက်ပြန်မုတ်သုန်မိုးတွေလိုပဲ ငါထင်ရာငါစိုင်း


နှိုင်းနှိုင်းဆဆ ချင့်ချိန် တပိန်ပိန်တလိမ်လိမ်နဲ့ပေါ့
တကြိမ်လေးစိမ်ခေါ်ပြီး ဗလိုင်းကြီးလဲ မခွပ်နဲ့ ပေါ့ကွာ
ဇွတ်တရွတ်ခြေလှမ်းတို့ ဟာ..ကုဌေတသန်းမကတန်ခဲ့သလိုမျိုးပေါ့
ဆောင်းညရဲ့ အမှောင်ထုဟာလဲ ကိုရွှေလိပ်လိုအပျင်းကြီး
သက်ပြင်းတွေနဲ့ ငြီးတဲ့  အဇ္ဖတကိုမှအားမနာ
သွားပါများခရီးရောက်တယ်ထင်နေသလားမသိပြန်ဘူး
ညဟာ.စက္ကန့်တံရဲ့ တချက်ချက်မြည်သံတွေနဲ့ 
ကြိတ်ကြိတ်ပြီးရန်ဖြစ်နေရှာရသေးတယ်
အဲဒီချိန် ရင်မှာတထိတ်ထိတ်နဲ့ တကျက်ကျက်
အသက်မဲ့ခဲ့ တဲ့ မျှော်လင်းခြင်းတွေကို ခေါင်းအုံးလုပ်
တခါတလေလဲ မခုတ်တတ်တဲ့ 
ကြောင်လေးလိုနေလိုက်ချင်သေးတယ်
တကယ်ဆိုရင်ပြောပြခဲ့သင့်တာပေါ့
ကျောချမှဓါးပြမှန်းသိခဲ့ ရတဲ့ အဖြစ်
ငါ့ရဲ့ မေတ္တာနဲ့ လုံးလုံးတန်ခဲ့ဘူးဆိုတာနားလည်သင့်တယ်
တခြားကွယ်ရာမှာလွင့်ချင်တိုင်းလွင့်
ရင်ထဲမှာလဲ နင့်ခနဲ  နင့်ခနဲ့ စို့ 
ကျင်ခနဲကျင်ခနဲ နာ
တစပ်စပ်ခါအောင်ဖျား
စွံအ ခဲ့ရတဲ့ နားတွေလဲ
ပုလဲဥတွေနဲ့ မဟာမိတ်ဖွဲ့
ခပ်သွဲ့ သွဲ့ အပြုံးတွေနဲ့ 
မရှုံးခဲ့ ဘူးဆိုတဲ့ ပုံစံမျိုးပေါ့..........

မိုးသူ(တောင်ကြီး)
17Dec2011/Sat
08:39/AM




No comments:

Post a Comment