ရင်တွင်းဖြစ်ပဋိပက္ခ ......


မဆင်ခြင်မိပေမဲ့ 
ရင်မှာငြိတွယ်ခဲ့ ရတယ်ကွယ်
အသိမကြွယ်တဲ့ ဦးနှောက်
တကြိမ်တလေအမောဖောက်တာ
အပြစ်ပြောစရာလဲမဟုတ်ခဲ့ 
လုပ်ရက်လေခြင်းလို့ လဲ မဆိုလို
ပိုမိုတဲ့ ချစ်ခြင်းတရားနဲ့ 


အသစ်အသစ်နေ့ တွေတိုင်း
ရင်ထဲမှာလှိုင်းတွေပွက်ခဲ့ ပါတယ်
ရက်စက်နိုင်သမျှရက်စက်ပါ
ငါ့အချစ်မပြက်ကွက်ခဲ့တာနင်အသိ
တခါတခါရိတိတိနဲ့ ရန်စ
ပြန်မရတော့ တဲ့ အတိတ်ဖက်တွယ်
ရက်လည်ဆွမ်းကပ်တဲ့ အလွမ်းတွေနဲ့ 
တမ်းတမ်းတတ ငိုငြီးခဲ့ ရဖူးတယ်

မျှော်လင့်ခြင်းကုန်ဆုံးတဲ့ အသဲနဲ့ 
အပျော်ကင်းမဲ့ ရသေးတယ်
အဖော်ရယ်ဆိုတာဝေး
အမြဲတွေးဖြစ်တဲ့ ဝဋ်ကြွေး
 အကုန်ပေးဆပ်ခဲ့ တော့မယ်
အကြွေးတွေထပ်နေတဲ့ဘယ်ဖက်အခြမ်း
ခပ်ဆန်းဆန်းလေး အသက်ရှု
အရပ်ကူပါလူဝိုင်းပါတဲ့
မြူတွေစိုင်းနေတဲ့ မာန
ဒီနေ့ တော့ခ၀ါချလိုက်ပြီလေ
ပ၀ါစအပိုင်းလေးကို လွှင့်
ဒီအကျင့်ဆိုးတွေနဲ့ 
အိုးစားလဲကွဲခဲ့ရပါတယ်

မိုးသူ(တောင်ကြီး)
16Dec2011/Friday
06:50/Pm
⋱ ⋮ ⋰
⋯ ◯ ⋯¨. ︵ .
¨︵¸︵( ░░ )︵
(´░░░░░░ ') ░░░' )
`´︶´¯`︶´`︶´

No comments:

Post a Comment