ဥပေက္ခာ

တခါတခါ

ချယ်သလိုက်တဲ့ 

ဆေးရောင်တွေအနားမညီခဲ့ရင်

ခံစားမှု ကိုတခြားဆီဖြစ်စေတတ်သတဲ့

အသွားညီညီသွေးထားတဲ့

နင့်ရဲ့ နှုတ်ခမ်းဖျားက



ပျားရည်တစက်လို ဒါမှမဟုတ်

ထုပ်နှုတ်ပြစရာ ခက်ခဲတဲ့

သင်္ချာတပုဒ် ဖြစ်ဖြစ်ပေါ့နော်...

အပြစ်တွေ အရမ်းတော့ မတင်လေနဲ့ 

အချစ်စေရာ အသစ်အဆန်းဖြစ်မယ်ထင်ရဲ့ 

ခေတ်တွေ မှိုင်းမ၀သေးသမျှ

အတိုင်းအဆလွန် အလွမ်းတွေကို

ဥပေက္ခာ မျှင်မျှင်လေးပြုရက်ပြန်သေးသကွဲ့ 

တမင်တကာများ ဝေးကွာအောင်ပြုနေသလားကွယ်

အပြင်မှာလဲ တကယ်ဆွေးနေရပါတယ်

အကြင်နာတွေနဲ့ တွေးလိုက်မယ်ကွယ်

ရင်မှာ မနွေးအောင်စိုးရွံ့ 

နောက်မတွန့် ပဲရဲရင့်လိုက်တော့မယ်ကွယ် .....



မိုးသူ(တောင်ကြီး)

06 Nov 2011/Sun

05:18/PM

No comments:

Post a Comment