မင်းစိတ်ညစ်မှာဆိုး ...


အသဲခွဲသူတဲ့ လားကွယ်
မသဲမကွဲနဲ့ ဖတ်မိပါတယ်
အတပ်သိရင်တောင်
မရှောင်ဖယ်ပါဘူး
နှောင်တွယ်ကာရစ်ချည်
အပြစ်တွေသီတန်း
မခမ်းတဲ့ မျက်ရည်တွေနဲ့ 
သက်သေတည်ကာပြုံးပါ့မယ်
မင်းစိတ်ညစ်မှာဆိုး.....

ကြော်ငြာထားတာသိပေမဲ့ 
မော်ကာကြွားချင်တဲ့ အချစ်
ဥပေက္ခာတွေနဲ့ စစ်ခင်း
သက်ငွေ့ ခပ်ပြင်းပြင်းနဲ့ 
အပ်တစင်းလိုထိုးစွ
မရိုးမရွနဲ့ 
အသဲမွစာကျဲခဲ့ လို့ 
တခဏမှာပဲ
တစ်ဘ၀စာအတွက်
မင်းစိတ်ညစ်မှာဆိုး.....

စာနာလှည့်ပါကွဲ့ 
မညှာမတာမဲ့ ရင်ဖြင့်
တခါတခါ ချိနဲ့ သွားတဲ့ အသဲ
နင်ခွဲချင်လဲ ခွဲပေါ့
ငါလွဲချင်လွဲနေမယ်
စွဲလန်းခဲ့ တာတော့ နည်းလမ်းမှန်ရဲ့ 
စည်းကမ်းနဲ့  တွေးတတ်တဲ့  အကျင့်
ခပ်လွင့်လွင့်လေးတွေး
မပွင့်တပွင့်လေးပဲ ပြောမယ်နော်
မင်းစိတ်ညစ်မှာဆိုး .....

မိုးသူ(တောင်ကြီး)
27Nov 2011/Sunday
04:58/Pm
ှshe is advertised at facebook profile that
she is a heart breaker ......

1 comment:

စိုးချစ် said...

ဒီ ကဗျာလေးကို ကြိုက်တယ်

Post a Comment