လူ့ ဘ၀ဒက်ဂရေးရှင်းအနည်းငယ်နှင့်လော့ဂျစ်ကယ်ဥပဒေသ
လူ့ ဘ၀ဒက်ဂရေးရှင်းအနည်းငယ်နှင့်လော့ဂျစ်ကယ်ဥပဒေသ
Human's life of some decoration and Principle of logical
လောကဓံဟာဒန်အိုးဒန်ခွက်သည်(သယ်)မဟုတ်တာသိပြီးတဲ့နောက်
ပူစီဟာ " ညောင် " လို့ တချက်အော်တယ်
ထိုးနှက်မှုတွေများနေတဲ့ဘ၀ဟာကြောင်အိမ်ထဲကအဆီတ၀င်းဝင်း ငါးကြော်
အတိုက်အခိုက်ကျွမ်းကျင်တဲ့အောင်မြင်မှုတွေဟာသဲတရှပ်ရှပ်အမဲသား
ကျော်ကြားမှ...ဖြစ်တော့မယ်ဆိုတော့ခွေးတွေကအမြီးစင်းလို့ ထအူတယ်
ဘ၀တူပျက်လုံးတွေဟာ ဟာဒယရွှင်ဆေးထဲကိုပါဝင်ဖျော်စပ်လို့ 
နှုတ်ခမ်းနာနဲ့ မှတည့်ပါ့မလားအတွေးကြောင့်မုန့် ဆီကြော်ဟာကပြက်ကချော်
တရက်ပေါ်နိုးပေါ်နိုးနဲ့ မှိုရတဲ့မျက်နှာတွေဟာငေါင်စင်းစင်း
ပြောင်တင်းတင်းလုပ်တတ်တဲ့ဥပေဒသတွေထွန်းကားတဲ့အချိန်မှာ
တွန်းအားဟာဂျောက်(ချောက်)နှုတ်ခမ်းထိအောင်အဆင်းဘီးတပ်တယ်
အပြီးသပ်(မှာ)မတော့မသိသလိုလို သိသလိုလိုနဲ့ ဆိတ်လစိဟာတဖက်မှာကပ်လို့ 
မတ်တပ်ရပ်သူတွေဟာထိုင်ခုံကိုဆိုဖာခုံနဲ့ ထိုင်ချင်ကြသလို
နေပူထဲကလူသားတွေဟာလောင်းရိပ်ကိုကြောက်လန့် နေရှာကြသတဲ့
" " ဟော........ပြောရင်းဆိုရင်းမှန်တချပ်ကျကွဲသွားတယ် " "
အလျော်အစားဟာနှစ်ပေါက်တပေါက်ရိုက်လို့ ကလဲ့စားချေတယ်
ပြယုဂ်တခုဟာမျက်နှာဖုံးတချို့ တလေကိုဆွဲခွါလို့ ရှက်ရယ်ရယ်ပြန်တယ်
မျက်ကွယ်...စိတ်ကွယ်....သိက္ခာကွယ်တဲ့ခေတ်ဆိုးကြီးထဲမှာ
ဂုဏ်သရေရှိအကျင့်တို့ ဟာဝတ်လစ်စလစ်နဲ့ လူတောတိုးနေခဲ့တယ်
အတင်းအဖျင်းဟာနေ့ စဉ်ထည်လဲဝတ်ဆင်တဲ့အပေါစားစွတ်ကျယ်
မနာလိုမရှုစိမ့်တဲ့စိတ်ဓါတ်ဟာရေမလျော်ရသေးတဲ့အပေါစားအတွင်းခံ
နဖားကြိုးထိုးခံထားရတဲ့စိတ်တွေဟာအိပ်မပျော်ခဲ့တဲ့ညတွေတိုင်း
ကြမ္မာရိုင်းတို့ ကြားလှိုင်းထန်တဲ့လောကအလယ်မှာ
မျက်နှာမွဲ မျက်နှာငယ်.......တခါတလေများ ....
သေးသေးတင်ခံရဖန်များလွန်းတဲ့ဘ၀ကိုစိတ်နာလို့ 
လိပ်ပြာတွေတောင်သိပ်မလှချင်အောင်ဖြစ်မိခဲ့ပါပေါ့ ။ ။
မိုးသူ(တောင်ကြီး)
22 December 2012/Saturday
04:39/PM
Subscribe to:
Post Comments (Atom)
6 comments:
မော်ဒန်ကဗျာလေးမိုက်မှမိုက် ။
နဖားကြိုးထိုးခံထားရတဲ့စိတ်တွေဟာအိပ်မပျော်ခဲ့တဲ့ညတွေတိုင်း
ကြမ္မာရိုင်းတို့ ကြားလှိုင်းထန်တဲ့လောကအလယ်မှာ
မျက်နှာမွဲ မျက်နှာငယ်.......တခါတလေများ ....
သေးသေးတင်ခံရဖန်များလွန်းတဲ့ဘ၀ကိုစိတ်နာလို့ 
လိပ်ပြာတွေတောင်သိပ်မလှချင်အောင်ဖြစ်မိခဲ့ပါပေါ့..------------
အကြိုက်ဆုံးစကားလုံးတွေအများကြီးပါတယ်
ဟား..အရမ်းခိုက်တယ် မိုး..
စကားလုံးတိုင်းကို လွှတ်ကြိုက်သကွယ်...
အဲလို မော်ဒန်ကဗျာ မိုက်မိုက်လေးတွေ
မဖတ်ရတာ ဘယ်လောက်ကြာနေပြီလဲ....
ဒါမျိုးတွေမှ တကယ့်အနှစ်....
ကဗျာဆရာကြီးရှင့်....
တော်မှတော်ကြောင်းပါရှင်...:)
ခင်တဲ့ မိုးနတ်
သေးသေးတင်ခံရဖန်များလွန်းတဲ့ဘ၀ကိုစိတ်နာလို့ 
လိပ်ပြာတွေတောင်သိပ်မလှချင်အောင်ဖြစ်မိခဲ့ပါပေါ့ ။ ။
သေးသေး တင်တာတော့ ပြောမနေနဲ့တော့
ခံရတာများနေပြီ
အစကတော့ ဒေါသ ဖြစ်မိသေးတယ်
နောက်တော့လည်း ဒီလိုလူတွေအတွက်
ဒေါသ မထွက်တော့ဘူး
သူ့ အကျင့်နဲ့သူ လို့ ပဲထားလိုက်တော့တယ် ရှုပ်လို့ 

Post a Comment