ဆောင်းဝင်အိမ်မက်
ဖျောခနဲဆို......
နင့်ခန္ဓာကိုယ်အစိတ်အပိုင်းတို့ ဟာ
ငါ့မျက်လုံးတစုံရှေ့ မှာ
တမှုန်ဆီလွင့်ဖြာလို့ ပျောက်သွားတဲ့သဏ္ဍာန် ။
နင်ဟာငါ့ကောင်းကင်ထက်မှာနေရာယူနေခဲ့ပြီ ။
ဟော.......ကြည့်စမ်းပါအုံး
ငါ့ကိုအရာဝထ္ထုမည်းမည်းကြီးတွေလာခေါ်နေကြပြီ
အား.....ငါမလိုက်ချင်ဘူး....အို.....ငါမလိုက်နိုင်ဘူး
နင်နဲ့ ဝေးတဲ့အရပ်မှာငါ့ဝိဉာဉ်အသက်မဲ့ ။
ရပ်ကွက်ထဲကခွေးအူသံဟာ....ညဂီတ ။
နှင်းတောကြားမှာနင်နဲ့ ငါလက်တွဲလို့ ဖြတ်ပြေးရင်း
ဆောင်းပန်းချီကိုပိုမိုပီပြင်စေခဲ့သလိုမျိုး ။
အရိုးဆွေးအချိန်ကာလတန်ဖိုးက
ငါ့ကိုဥပဒေမဲ့တိုက်ခိုက်တယ်
ရာသီအလီလီပြောင်းခဲ့တဲ့အတိတ်တို့ ဟာ
ဇောချွေးတွေကြားမှာငြိမ်သက်စွာရှက်လို့ တဲ့ ။
ကောင်းခန်းရောက်မှမီးဖြတ်လိုက်သလို
ဟာခနဲဟင်ခနဲဖြစ်သွားတဲ့အာမေဋိတ်တို့ ဟာ
ကမ္ဘာပတ်ဖို့ လမ်းလျှောက်ခေါ်သတဲ့
အဲဒါတွေနင်သိခဲ့လား
ရောတိရောရာအသိသတိတို့ နဲ့ ချစ်ခြင်း
အမြီးနံ့ တတ်တဲ့ပျော်ရွှင်မှုတွေနောက်
များမကြာမှီမျှော်ဆိုတဲ့စာတန်းအောက်မှာ
ပြီးပါပြီနဲ့ တပြိုက်နက် ။
အို.....တွေ့ လား.....
နင်ကိုယ်ထင်ပြပြပြီးပြောက်သွားပြန်ပြီ
သူယောင်မယ်မဟုတ်တဲ့ နင်ပုံရိပ်ကို
ငါနှလုံးသားရုပ်လုံးဖော်စက်နဲ့ ဖမ်းမိပြီးသားပါ
အခုမှဟိတ်တလုံးဟန်တလုံးနဲ့ 
နင့်ကိုဘယ်လိုမှ...မသမုတ်ချင်တော့ဘူး ။
ဒီမှာ...ချစ်သူနင်မြဲမြဲမှတ်ထားပေးစမ်းပါ
ငါဘ၀ရဲ့ ကဗျာတပုဒ်ပြီးတိုင်းပြီးတိုင်း
နင့်ကိုပန်းဖြူဖြူလေးတပွင့်လက်ဆောင်ပေးချင်တယ်
နင်.....မငြင်းစမ်းပါနဲ့ ချစ်သူ
အခုတော့.... ငါ့ညဟာမိုးလင်းနေပြီ ။ ။
မိုးသူ(တောင်ကြီး)
17 December 2012/Monday
06:41/PM
Subscribe to:
Post Comments (Atom)
7 comments:
မိုးသူရေ ဘယ်သူ့ကို ပန်းဖြူဖြူလေးတပွင့်ပေးချင်တာလဲ
အို.....တွေ့ လား.....
နင်ကိုယ်ထင်ပြပြပြီးပြောက်သွားပြန်ပြီ
သူယောင်မယ်မဟုတ်တဲ့ နင်ပုံရိပ်ကို
ငါနှလုံးသားရုပ်လုံးဖော်စက်နဲ့ ဖမ်းမိပြီးသားပါ
နှင်းတောကြားမှာနင်နဲ့ ငါလက်တွဲလို့ ဖြတ်ပြေးရင်း
ဆောင်းပန်းချီကိုပိုမိုပီပြင်စေခဲ့သလိုမျိုး....
အရိုးဆွေးအချိန်ကာလတန်ဖိုးက
ငါ့ကိုဥပဒေမဲ့တိုက်ခိုက်တယ်
ရာသီအလီလီပြောင်းခဲ့တဲ့အတိတ်တို့ ဟာ
ဇောချွေးတွေကြားမှာငြိမ်သက်စွာရှက်လို့ တဲ့...
မိုးရေ..စကားလုံးတိုင်းဟာ ထိရောက်စွာနဲ့
အသက်ဝင်နေပါရောလားကွယ်...ခံစားခဲ့တယ်
ရင်ဘတ်ကြီးနဲ့ အပြည့်ပေါ့....:)
ခင်တဲ့....မိုးနတ်
ကဗျာလေးက အသက်ဝင်တယ်
ဒီမှာ...ချစ်သူနင်မြဲမြဲမှတ်ထားပေးစမ်းပါ
ငါဘ၀ရဲ့ ကဗျာတပုဒ်ပြီးတိုင်းပြီးတိုင်း
နင့်ကိုပန်းဖြူဖြူလေးတပွင့်လက်ဆောင်ပေးချင်တယ်
နင်.....မငြင်းစမ်းပါနဲ့ ချစ်သူ
အခုတော့.... ငါ့ညဟာမိုးလင်းနေပြီ ။ ။
မိုးသူကဗျာတွေက အမြဲကောင်းတယ်
အေပရယ်ကိုချစ်တဲ့ မိုးသူရဲ့ ဆောင်းဝင်အိမ်မက်ကိုလာပြီးခံစားသွားတယ်
ခင်မင်လျှက်
ဒိုးကန်
ကဗျာလေးကိုလာရောက်ခံစားသွားပါတယ်
နောက်လည်းသည်ထက်မကကဗျာကောင်းတွေကို ဆက်လက်ထုဆစ်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
Post a Comment