ရုန်းရင်းဆံခပ်ဖြစ်နေသော " အလွမ်းများ "
အဲသလောက်တောင်ဒုက္ခပေးတဲ့ လမင်း
ဖျာလိုခင်းလို့ ငါ့ကိုတက်နင်းသွားတယ်
အလင်းဟာနံရံပေါ်ခုန်တက်လို့ 
ပုံရိပ်အစုံအလင်နဲ့ ဖွင့်ပွဲကျင်းပလိုက်သေးတယ်
ဖွတ်ဖွတ်ညက်ညက်တွန့် ကြေနေတဲ့အတွေး
အပ်ကြောင်းထပ်နာကြည်းမှုတွေကြားမှာ
ငါ့ကိုကရော်ကမယ်နဲ့ ခပ်ဖော့ဖော့လေးဆွဲခေါ်သွားရင်း
အရှုပ်ထုတ်တွေထဲမှာပျော်ဝင်ခိုင်းပြန်တယ် ။
ငါဆိုတဲ့...ငါကလဲ... ငါ့ ဂွင်(ခွင်)မှာဆို
ငါဟာရှင်ဘုရင်ပေါ့နော်
နင့်ကိုမိဘုရားလိုတော်ကောက်ဖို့ ကြံစည်
ငါကပဲ.. ညဏ်မမှီလို့ လားတော့မသိဘူး
နင့်တံတွေးခွက်ထဲလက်ပစ်ကူးနေတာ
အခုထိကိုကမ်းမမြင်ရသေးဘူး
အရမ်းထင်ထားတဲ့ မျှော်လင့်ခြင်း
သက်ငွေ့ ခပ်ပြင်းပြင်းကြားမှာပဲလျော့ပါးလာတယ်
တခါတလေများ
မိုးတိမ်တိုက်တွေလိုရွှေ့ လျားနေတဲ့စိတ်လှိုင်းတွေ
တရိပ်ရိပ်နဲ့ ဘယ်ဆီကိုလိုက်ဖမ်းရမှန်းမသိတဲ့အချိန်
ငါဟာနင့်ကို အူကြောင်ကြောင်နဲ့ သတိရတတ်သေးတယ်
ဒါပေမယ့် ....မသင့်လျော်တဲ့ဘ၀မှာ
သင့်တော်သလိုအလိုက်သင့်မျောလို့ 
ငါ့ဇော ငါ့ဆန္ဒတွေကိုချုပ်တည်း
ငါ့ကိုငါ အဟုတ်ကြီးလို့ ထင်မှတ်ခဲ့ဖူးသေးတယ်
သာဂိရေ....
ဒီတခါလဲ....ငါထိပြန်ပြီဟ ........
ငြိတွယ်တတ်တဲ့စိတ်နဲ့ ငါကြိတ်မှိတ်ပြီးခံနေရတယ်
မေ့သင့်သလောက်လဲမေ့ပြီးခဲ့ပါပြီလေ
မတွေ့ သင့်တော့တဲ့အဆုံး
ငါဟာ ဒွိဟတွေနဲ့ သာရုန်းကန်နေရတယ်
ထုံးစံဆိုတဲ့ငနဲကြီးကတော့..
ငါ့ရှေ့ ကိုကားလျားကြီးကျလာတယ်
ဘယ်သူမပြုမိမိမှုဆိုတဲ့ ပုဒ်ထီးပုဒ်မတွေဟာ
ငါ့အတွက်အတော်တော်လေးကိုအလုပ်ရှုပ်တယ်
သမာရိုးကျတွေးခဲ့ဖူးတဲ့အတွေးတွေထဲက
သွေးရိုးသားရိုးဖောက်ပြန်လေလွင့်မှုတွေဟာ
ငါ့စိတ်ကိုခဏခဏပဲရိုက်ချိုးတယ်
နင့်အပေါ်ထားခဲ့ဖူးတဲ့ဖြူစင်မှုတွေကို
အံ့သြတုန်လှုပ်စွာပဲပြန်လည်ဖတ်ရှုကြည့်ခဲ့တယ်
ငါ့စိတ်ထဲမှာနင်နဲ့ပက်သတ်သမျှတွေနထ္ထိဖြစ်ကုန်တယ်
ဒါပေမယ့်
နင်ခပ်ထားခဲ့တဲ့အဆိပ်တွေဟာ
အခုထိဖြေဆေးမဲ့နေသေးတယ်
နင်ချနင်းသွားတဲ့ငါ့မာနတွေဟာ
အခုထိကြေမွနေသေးတယ်
နင်ထောင်ဖမ်းခဲ့သံယောဇဉ်တွေဟာ
အခုထိညွတ်ကွင်းထဲကမလွတ်နိုင်သေးဘူး
နင်မြှားခဲ့တဲ့မာယာတွေဟာ
မိုးသူ(တောင်ကြီး)
14 Nov 2012/Wed
03:44/PM
10 comments:
Yoemyaykya said...
ကဗျာထဲမှာ စကားလုံးအားကောင်းမှုတွေအများကြီးတွေ့ရတယ်။အားကျမိပါရဲ့။
စံပယ်ချို said...
.မသင့်လျော်တဲ့ဘ၀မှာ
သင့်တော်သလိုအလိုက်သင့်မျောလို့ 
ငါ့ဇော ငါ့ဆန္ဒတွေကိုချုပ်တည်း
ငါ့ကိုငါ အဟုတ်ကြီးလို့ ထင်မှတ်ခဲ့ဖူးသေးတယ်----ဟုတ်တာပေါ့မိုးသူရေ
အဲလိုဖြစ်နေတယ်လေ....
နင်ခပ်ထားခဲ့တဲ့အဆိပ်တွေဟာ
အခုထိဖြေဆေးမဲ့နေသေးတယ်----
အသေအချာပါပဲ
ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...
သမာရိုးကျတွေးခဲ့ဖူးတဲ့အတွေးတွေထဲက
သွေးရိုးသားရိုးဖောက်ပြန်လေလွင့်မှုတွေဟာ
ငါ့စိတ်ကိုခဏခဏပဲရိုက်ချိုးတယ်
နင့်အပေါ်ထားခဲ့ဖူးတဲ့ဖြူစင်မှုတွေကို
အံ့သြတုန်လှုပ်စွာပဲပြန်လည်ဖတ်ရှုကြည့်ခဲ့တယ်
ငါ့စိတ်ထဲမှာနင်နဲ့ပက်သတ်သမျှတွေနထ္ထိဖြစ်ကုန်တယ်
ဒါပေမယ့်
နင်ခပ်ထားခဲ့တဲ့အဆိပ်တွေဟာ
အခုထိဖြေဆေးမဲ့နေသေးတယ်
မိုးနတ်ကြယ်စင် said...
ဟုတ်တယ် မိုးရေ..မမရိုးမြေပြောတာမှန်တယ်...
မိုးနတ်လဲထောက်ခံတယ်..စကားလုံးအသုံးအနှုန်းကြွယ်ဝမှုနဲ့
ရေးဖွဲ့ပုံ ပိုင်နိုင်မှုမှာတော့ မိုးက ဆရာတစ်ဆူပါပဲ...
ရှင့်ကိုလေ မိုးနတ်အမြဲပဲ အားကျနေရတယ်နော် :)))
ခင်တဲ့...မိုးနတ်
လွင်ပြင်လှိုင်းငယ် said...
အဲသလောက်တောင်ဒုက္ခပေးတဲ့ လမင်း
ဖျာလိုခင်းလို့ ငါ့ကိုတက်နင်းသွားတယ်
အလင်းဟာနံရံပေါ်ခုန်တက်လို့ 
ပုံရိပ်အစုံအလင်နဲ့ ဖွင့်ပွဲကျင်းပလိုက်သေးတယ်
ဖွတ်ဖွတ်ညက်ညက်တွန့် ကြေနေတဲ့အတွေး
အပ်ကြောင်းထပ်နာကြည်းမှုတွေကြားမှာ
ငါ့ကိုကရော်ကမယ်နဲ့ ခပ်ဖော့ဖော့လေးဆွဲခေါ်သွားရင်း
အရှုပ်ထုတ်တွေထဲမှာပျော်ဝင်ခိုင်းပြန်တယ် ။
အရမ်းကောင်းတဲ့ စာသားတွေပါပဲ ညီလေးမိုးသူရေ ။
Anonymous said...
အရမ်းထင်ထားတဲ့ မျှော်လင့်ခြင်း
သက်ငွေ့ ခပ်ပြင်းပြင်းကြားမှာပဲလျော့ပါးလာတယ်
ရုန်းရင်းဆံခပ်အလွမ်းများပေါ့ မိုက်ပါ့
~ Kk ~
မိုးညချမ်း said...
"နင်ခပ်ထားခဲ့တဲ့အဆိပ်တွေဟာ
အခုထိဖြေဆေးမဲ့နေသေးတယ်
နင်ချနင်းသွားတဲ့ငါ့မာနတွေဟာ
အခုထိကြေမွနေသေးတယ်
နင်ထောင်ဖမ်းခဲ့သံယောဇဉ်တွေဟာ
အခုထိညွတ်ကွင်းထဲကမလွတ်နိုင်သေးဘူး
နင်မြှားခဲ့တဲ့မာယာတွေဟာ
အခုထိတိုင်ငါ့ကိုညို့ ယူနေစဲပါပဲကွယ် ။ ။"
အရမ်းကို ထိတဲ့စကားလုံးလေးတွေပါပဲ မောင်လေးရေ ... :)
အိပ်မက်ကောင်းကင် said...
တခါတလေများ
မိုးတိမ်တိုက်တွေလိုရွှေ့ လျားနေတဲ့စိတ်လှိုင်းတွေ
တရိပ်ရိပ်နဲ့ ဘယ်ဆီကိုလိုက်ဖမ်းရမှန်းမသိတဲ့အချိန်
ငါဟာနင့်ကို အူကြောင်ကြောင်နဲ့ သတိရတတ်သေးတယ်
ဒါပေမယ့် ....မသင့်လျော်တဲ့ဘ၀မှာ
သင့်တော်သလိုအလိုက်သင့်မျောလို့ 
ငါ့ဇော ငါ့ဆန္ဒတွေကိုချုပ်တည်း
ငါ့ကိုငါ အဟုတ်ကြီးလို့ ထင်မှတ်ခဲ့ဖူးသေးတယ်
သည်အပိုဒ်လေးကိုအရမ်းကြိုက်တယ်
ကဗျာလေးကိုခံစားသွာတယ်နော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
မိုးညချမ်း said...
This comment has been removed by the author.
အင်းတော်ရှမ်း said...
အဆုံးပိုင်း ကဗျာလေးပိုဒ်ကတော့ ရင်ကိုရိုက်ခတ်စေတယ်ဗျာ....
Post a Comment