ငါ့ကမ္ဘာမပျက်ဘူး/မင့်ကဗျာပျက်သွားပြီ



ကမ္ဘာပျက်မယ်တဲ့
ကဗျာပျက်တာပိုအရေးကြီးတယ်
သွေးမနီးတဲ့ကဗျာဆရာတွေနောက်ဆုတ်
ကျုပ်ကလောင်သွားကတော့ကျောက်ရုပ်မဟုတ်တာအမှန်
မျောက်ရုပ်နဲ့ စကားလုံးတွေကတညံညံ
လေသံနဲ့ ဟန်ပန်ကမညီညာ
ရယ်(ရီ)စရာပျက်လုံးတွေနဲ့ 
ဖရုဿဝါစာကိုအဖော်ပြု
ဒါဟာ....ပေါ်ပင်တခုမို့ လေလား???

ကဏ္ဍတခုချင်းကွဲမယ်ဆို
အလွဲတွေရှိတဲ့ အတိတ်ကိုလှန်
ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းသလို
ကိုယ့်သမိုင်းဟောင်းကိုကြည့်
ထိထိမိမိလုပ်ထားတာ... "ဘာ"....ရှိသလဲ???
မပိုင်ဘဲနဲ့ မထောင်နဲ့ 
မနိုင်ဘဲနဲ့ မဟောင်နဲ့ 
နောင်အနာဂတ်မှာစာတတ်အောင်သင်
ပြီးရင်တော့....လာယှဉ်ကြည့်ပေါ့

တနပ်စားအတွေးနဲ့ 
တတပ်တအားမရေးနဲ့ မောင်ရင်
နောင်အမြင်တွေရှုပ်ထွေးလို့ 
မောင်ရင်ပဲအဟုတ်မအေးဖြစ်ရလိမ့်မယ်
နှုတ်နှေးတာကျုပ်စရိုက်ရယ်မို့ 
ကျုပ်ဘယ်သူ့ ကိုမှလဲမတိုက်ခိုက်ဘူး
မိုက်လိုက်တဲ့လူ့ အန္ဓ
အခုပဲမှန်းဆလို့ ပြောလိုက်ချင်ရဲ့
မင့်အရည်အချင်းမင့်ပြန်ကြည့်
ကျောင်းမှန်းမသိ...ကန်မှန်းမသိ
ကျုပ်...စမ်းစစ်မိတာကတော့
မင့်ဟာ...ဗလာနတွေးနဲ့ 
ဖြုတ်ဦးနှောက်လေးသာသာရယ်ပါ

မိုးသူ(တောင်ကြီး)

21 December 2012/Friday
05:52/PM

6 comments:

အလွမ်းမြို့ said...

သွေးမနီးတဲ့ကဗျာဆရာတွေနောက်ဆုတ်
ကျုပ်ကလောင်သွားကတော့ကျောက်ရုပ်မဟုတ်တာအမှန်
မျောက်ရုပ်နဲ့ စကားလုံးတွေကတညံညံ
လေသံနဲ့ ဟန်ပန်ကမညီညာ
ရယ်(ရီ)စရာပျက်လုံးတွေနဲ့ 
ဖရုဿဝါစာကိုအဖော်ပြု
ဒါဟာ....ပေါ်ပင်တခုမို့ လေလား


မိုးသူရေ မကြီးလွမ်း လာရောက်အားပေးသွားတယ်။
မျောက်ရုပ်ထဲမှာ မကြီးလွမ်းလည်း ပါလားဟင်.
ကဗျာကောင်းလေးပါ။ မရောက်ဖြစ်တာလည်း ကြာပေါ့.
သတိရနေတာတော့ အမြဲပါ.

ခင်တဲ့
မကြီးလွမ်း

မိုးနတ်ကြယ်စင် said...

မင့်အရည်အချင်းမင့်ပြန်ကြည့်
ကျောင်းမှန်းမသိ...ကန်မှန်းမသိ
ကျုပ်...စမ်းစစ်မိတာကတော့
မင့်ဟာ...ဗလာနတွေးနဲ့ 
ဖြုတ်ဦးနှောက်လေးသာသာရယ်ပါ ...

အဟက် မိုက်တယ်ကွာမိုးးးးးးးးးးးးး
ဝိုးးးးးးးးးး တကယ်ကို ပီပြင်တဲ့စာသားတွေပဲဗျို့
Bravo !!!

ခင်တဲ့....မိုးနတ်

စံပယ်ချို said...

ကမ္ဘာပျက်မယ်တဲ့
ကဗျာပျက်တာပိုအရေးကြီးတယ်
သွေးမနီးတဲ့ကဗျာဆရာတွေနောက်ဆုတ်
ကျုပ်ကလောင်သွားကတော့ကျောက်ရုပ်မဟုတ်တာအမှန်
မျောက်ရုပ်နဲ့ စကားလုံးတွေကတညံညံ
လေသံနဲ့ ဟန်ပန်ကမညီညာ
ရယ်(ရီ)စရာပျက်လုံးတွေနဲ့ 
ဖရုဿဝါစာကိုအဖော်ပြု
ဒါဟာ....ပေါ်ပင်တခုမို့ လေလား-----

မိုက်တယ်မိုးသူ
ကြိုက်တယ်မောင်လေးရေ ဆက်ကြိုးစားနော်
ဟုတ်တယ် ကမ္ဘာပျက်တာထက်ငါတို့ကဗျာတွေ မပျက်ဖို့ကအရေးကြီးတာပေါ့
ရင်ဘတ်တွေ နှခုံးသားတွေနဲ့ ရင်းထားရတာလေ

Yoemyaykya said...

မိုးနတ်ပြောပြောနေတဲ့ မိုးသူရဲ့အရေးအသားတွေ တကယ်ကောင်းတာတဲ့။ဒီနေ့မှရောက်လို့နောက်တောင်ကျနေတယ်။ ကဗျာကောင်းလေးလာအားပေးသွားပါတယ်။

အိပ်မက်ကောင်းကင် said...

အရေးအသားက တယ်ကောင်းပါလား ကိုမိုးသူရေ
ကဗျာလေးကဖတ်လို့ကောင်းပြီး ကျွန်တော့်အတွက် အားအင်ဖြစ်သွားတယ်
ကျေးဇူးပါ ကိုမိုးသူရေ
ခင်တဲ့(အိပ်မက်ကောင်းကင်)

Unknown said...

အားပေးလျက် ကိုမိုးသူ

Post a Comment