ဘေးမထိခင်...တွေးကြည့်ကြ
ဆွေမျိုးပေါက်ဖော်ဆိုလို့ ယုံစား
ဒင်း(သင်း)တို့ တွေပုံမှားရိုက်လို့ 
ဒို့ နိုင်ငံကမိခင်လောင်းတွေရဲ့ 
အသွေးအသားတွေကိုမှ
ဈေးများများပေးလို့ ဇိမ်ခံ
လိင်ဆက်ဆံစရာပစ္စည်းလို့ သဘောထား
လူမျိုးကိုပါသောက်စားဝါးမျိုနေပါပေါ့လား ။
သြော်...ခက်ပါဘိ... လူတွေ... လူတွေ
ဘယ်သူသေသေ..ငတေမာရင်ပြီးရောရယ်လို့ 
အသပြာနဲ့မျော အသပြာနဲ့ မြူစွယ်
အသပြာနဲ့ ခြူနွယ်လို့ အသပြာနောက်ကိုလိုက်
ဒို့ နိုင်ငံကျွန်စရိုက်ကလဲ"တယ်"မပြောက်သေးပဲကို
ဒီလောက်နှေးတဲ့အသိ ဒီလောက်တုံးတဲ့ဦးနှောက်
ကုံးကောက်စရာမရှိအောင်မွဲပြာကျရရှာပါသတဲ့
ကိုယ့်အမျိုးကိုယ်စောင့်ထိန်းကျပါ....ဟဲ့
ဒီတခါတော့ ကျူပ်မနွဲ့ ဘူး ကျုပ်မသွဲ့ ဘူး
ဖဲ့ချင်သလိုသာဖဲ့ ခပ်ရွဲ့ ရွဲ့ လေးပြောမယ်
ရင်ထဲမှာတကယ်မောလို့ မချိတင်ကဲနာသကွဲ့
နောင်မအေးရတဲ့ ရတက်မီးတွေနဲ့ ဖွမယ်
ကောင်မလေးတွေကလဲ.. ကြွသကို..ရွသကို
ညည်းတို့ ဘ၀တွေကိုဒီလိုဆိုမယ်
အမေပေးလိုက်တဲ့လယ်တကွက်
ထွန်ယက်စရာနေရာဒီလောက်ရှားသလားကွယ်
ညည်းတို့ တတွေရဲ့ စောက်ဖုတ်တွေက
အဲသလို...မျောက်ရုပ်တွေနဲ့ 
တူလို့ လားဟယ်...တန်လို့ လားဟယ်
လူမဆန်တဲ့ လူပွဲစား လူ့ ငနွားတွေက
ငွေရရင် အကုန်လုပ်သတဲ့
အမျိုးယုတ်တွေနဲ့ လက်ထပ်
မရှက်တတ်ပဲကလေးတယောက်မွေးပေးလို့ 
သိန်းသုံးဆယ်ရရေးကိုရည်မျှော်
ပြည်တော်ပြန်ရင်ညည်းတို့ တွေမျက်နှာပန်းလှမှာမို့ လား
အို....သမာဒေ၀နတ်မြတ်ကောင်းအပေါင်းတို့ 
ကူပါ ကယ်ပါ အပယ်ရွာကိုလားမယ့်ဒင်း(သင်း)တို့ တတွေ
အမျိုးဖျက်လို့  ကိုယ့်အကျိုးအတွက်
မေတ္တာရေကြည်နောက်လို့ 
တိုင်းပြည်ကိုသစ္စာဖောက်နေကြပြီ
လူမျိုးပျောက်အောင်ဖြောက်နေကြပြီ
အရှက်တရားတွေကင်းကုန်ကြပြီ
အကြောက်တရားတွေကင်းကုန်ကြပြီ
မိစ္ဆာအယူဝါဒတွေကိန်းကုန်ကြပြီ
လူမျိုးကန်းလို့ လူမျိုးပြုတ် လူ့ အမျိုးယုတ်တွေဖြစ်ကုန်တော့မယ်
မိုးသူ(တောင်ကြီး)
09 Oct 2012/Tuesday
07:34/AM
--
Voice ဂျာနယ်ကတရုပ်ပြည်နယ်စပ်
လူကုန်ကူးမှုသတင်းတပုဒ်ကို
ယခုမနက်ဖတ်လိုက်ရလို့ 
ဒေါမနဿစိတ်ဖြင့်ရေးဖွဲ့ သည်
ရိုင်းစိုင်းတဲ့ စကားလုံးအနည်းငယ်ပါလို့ 
မိုးသူကိုခွင့်လွှတ်တော်မူကြပါနော်
အထူးမေတ္တာရပ်ခံတောင်းပန်အပ်ပါသည်
-
-
-
6 comments:
ငြိမ်းစိုးဦး said...
အသိညာဏ်နည်းပါးမှုကို အခွင့်ကောင်းချောင်းလို့ အမြတ်ထုတ်နေကြတာပါ ။ အသိညာဏ်ကြွယ်ဝအောင် အလုပ်အကိုင်များပြားအောင် ဆောင်ရွက်ပေးနိုင်ရင် လျှော့ပါးသွားမယ်လို့ ယူဆမိပါတယ် ...
3rdthameetaw said...
ငွေမျက်နှာတစ်ခုထဲ ကြည့်ပြီး လူမျိုး နဲ့ ဘာသာကို
လစ်လျူရှူနေကြပြီလေ
ပြောရရင်တော့ခက်ပါတယ်
စံပယ်ချို said...
အပြင်မှာတွေ့ဖူးကြာဖူးမြင်ဖူးနေတော့လဲ
ဘာကိုပြောရမှန်းတောင်မသိတော့ပါဘူးမိုးသူရေ
မိုးနတ်ကြယ်စင် said...
ဟယ်...ဟင်....အင်း.....
ဟုတ်....မိုးသူရေးထားတာတွေက ဟုတ်နေတော့လဲ ....:)
ဒါပေသိ...ဖတ်ပြီးတော့ မိုးနတ်ရင်ထဲ ဒိန်းကနဲကို ၀င်ဆောင့်သွားတာပဲ.:(
ခင်တဲ့...မိုးနတ်
အိပ်မက်ကောင်းကင် said...
အမှန်တရားတွေကိုရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပဲ ကိုမိုးသူရေ ....
အင်းတော်ရှမ်း said...
အမှန်ပဲဗျို့....
ဒီလောက်တော့ပြောမှ တော်ရာကျမှာပါ...
Post a Comment