တားဆီးလို့ မရနိုင်တော့တဲ့ ...... ?????
တားဆီးလို့ မရနိုင်တော့တဲ့ ...... ?????
__________/)_______/)_/)__/¯"""/')
¯¯¯¯¯¯¯¯(/¯¯¯¯¯¯¯(/¯¯¯¯¯¯'\_„„„„\)
နင့်အသိစိတ်ထဲကမပါတဲ့ 
အဆင့်မြင့်တိုက်ခိုက်မှုတွေနဲ့ 
ငါထိပ်တိုက်ရင်ဆိုင်နေရတယ်
လေပြေရေ........
ဘယ်ဖက်တံခါးတခြမ်းကိုဆွဲဖွင့်ကြည့်လိုက်ပါ
သွေးနီဥတွေပွက်ပွက်ထနေတဲ့
ငရဲမီးကန်ကြီးမြင်ရပါလိမ့်မယ်
အဲဒီမှာ...ပန်းအဖြူရောင်လေးတပွင့်
ခမ်းနားတဲ့ရင်ခုန်သံတွေနဲ့ 
ဆန်းပြားတဲ့အရပ်ကကြယ်မှုန်တို့ နဲ့ အတူ
ကကြိုးကကွက်ထူးခြားတဲ့မျှော်လင့်ခြင်းတွေ
ဆောင်းရာသီမှာပိုပြီးရုပ်လုံးပေါ်လာခဲ့တယ်ကွယ်
လေပြေရေ........
နင့်မျက်ဝန်းအစုံထဲကကြည်လဲ့နေတဲ့အပြုံးဟာ
ငါ့နှလုံးခုန်သံတွေရဲ့ ခုတ်မောင်းမှုကို
ပိုမိုကျယ်လောင်စူးရှစေတယ်
အဲဒီမှာ.....ပန်းအဖြူရောင်လေးတပွင့်
ကြည်နူးမှုတွေဟာပြင်းအားအဆမတန်များတဲ့
ပေါက်ကွဲမှုတွေနဲ့ နင့်ရဲ့ တန်ပြန်သက်ရောက်မှုတွေကို
အငမ်းမရဆာလောင်မွတ်သိပ်နေခဲ့တယ်
အေးချမ်းတဲ့အသွင်အပြင်တွေထဲမှာ
ငါ့ရဲ့ တခြမ်းပဲ့ကောင်းကောင်ထက်ကလမင်းဟာ
နင်ဖြစ်ခဲ့မယ်ဆိုရင်ရော.....
လေပြေရေ.......
အလင်းမဲ့ညတွေထဲကအထီးကျန်မှုတွေရဲ့ နေရာမှာ
နင့်ပုံရိပ်ယောင်တွေအစားထိုးဝင်ရောက်မွှေနှောက်လို့ နေခဲ့ပြီ
တားဆီးချင်စိတ်မရှိပဲ ပိုင်ဆိုင်ခဲ့ဖူးတယ်လို့ ထင်ရတဲ့ စိတ်တွေဟာ
နင့်ဖက်ကိုမှ မဲပေးလို့ ရွေးချယ်မိခဲ့တယ်
အဲဒီမှာ....... ပန်းအဖြူရောင်လေးတပွင့်
ငါဟာ.........
(ဒါမှမဟုတ်)
ပင့်ကူအိမ်ထဲက ပိုးဖလံတကောင်လို
(ဒါမှမဟုတ်)
-----(¯`:´¯)-.
_(¯` .·´`·.´¯)
_(_. ·.¸¸.· ._)
__ ·-(_.:._)-·
မိုးသူ(တောင်ကြီး)
08 Nov 2012/Thursday
05:55/AM
5 comments:
စံပယ်ချို said...
မိုးသူရေ....စစခြင်းအပိုဒ်လေးကနေ ဆုံးတဲ့ထိအောင်ဆွဲဆောင်မှုတွေရှိနေတဲ့ကဗျာလေးပါ..လေပြေရေ......
3rdthameetaw said...
ငါကိုယ်တိုင်အစိုးမရခဲ့သောစိတ်တွေရဲ့ နောက်မှာ
ငါဟာ.........
နင့်ရဲ့ အကျဉ်းသားသုံ့ ပမ်းတယောက်သွင်လို
(ဒါမှမဟုတ်)
ပင့်ကူအိမ်ထဲက ပိုးဖလံတကောင်လို
(ဒါမှမဟုတ်)
မြွေတကောင်ရဲ့ အညို့ ခံသားကောင်လို
အိပ်မက်ကောင်းကင် said...
ကဗျာလေးကို စဖတ်လိုက်ကတည်းက ကဗျာထဲမှာမျှောပါသွားရတယ် ကိုမိုးသူရယ် နောက်လည်းသည်ထက်မကကဗျာကောင်းလေးတွေကို ထုဆစ်နိုင်ပါစေနော်
ပျိုးယုဝသုန် (Pyo Yu Wathone) said...
မိုးသူရဲ့ မော်ဒန် ပေါ့လေ..။
ပြောချင်တာလေးကို အညွှန်းလေးတွေနဲ့ ပြောသွားတာပဲ
ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...
ခမ်းနားတဲ့ရင်ခုန်သံတွေနဲ့ 
ဆန်းပြားတဲ့အရပ်ကကြယ်မှုန်တို့ နဲ့ အတူ
ကကြိုးကကွက်ထူးခြားတဲ့မျှော်လင့်ခြင်းတွေ
ဆောင်းရာသီမှာပိုပြီးရုပ်လုံးပေါ်လာခဲ့တယ်ကွယ်
ကဗျာလေးကအ၇မ်းနူးညံ့လိုက်တာသူငယ်ချင်းရယ်
Post a Comment