သာမန်လူ



ပဉ္စလက်အတွေးများအားစုစည်းလို့ 
စိတ္တဇ၀ါဒီဖြင့်ဖောက်သောက်မိလိုက်ပါတယ်
အဖုံးထဲတွင် (ကျေးဇူးတင်ပါသည်)
ရံဖန်ရံခါတော့ (နှစ်ရာကျပ်)
အမြည်းဖိုးပြန်ပေးတဲ့တံဆိပ်ကိုကျေနပ်
ဒီလိုနဲ့ နေတတ် ....။

မဟာဘောဂဗေဒပညာရှင်ကြီးတို့ ရေ
အဖြေမှန်ဟာမနက်ခင်းရဲ့ 
ကော်ဖီခွက်ထဲမှာနစ်မြုပ်သေဆုံးခဲ့ပြီ
ရုပ်လုံးရုပ်ကြွတွေနဲ့ ကွန့် မြူးတဲ့အတွေး
လမ်းဘေးကဗရာကြော်သည်(သယ်)ဆီမှာလဲ
အဲသလိုအတွေးရှိမှာပါပဲ
ငါသာလျှင်..ပဓါန၀ါဒနဲ့ 
ကိုယ့်အတ္တကိုဇွဲကြိုးချဖို့ ကြံစည်နေကြတယ် ။

တော်တော်လဲပြောင်မြောက်တဲ့ လူတွေ
ပျက်လုံးတွေကိုမရိုးတမ်းထုတ်
အပြန်လမ်းမ,ဟာမုဆိုးမအိမ်က
လက်နှီးစုတ်လောက်နဲ့ 
စိတ်ပြူတင်းပေါက်မှာကန့် လန့် ခံနေတယ်
ဝါးလုံးခေါင်းထဲမှာအေးစွာပဲလသာနေတဲ့လူတွေပေါ့

ရော့...သာဂိ..
မင့်အတွက်...ဖန်ခွက်
ဒါက ကြက်ဥကြော်
ဒါက ရေသန့် 
ဒါက ပုံးဘီအီး
ဒါက လျှက်ဆား
ဟောကြည့်ပါလား
အခုဖြတ်သွားတဲ့မိန်းမလှလေးရဲ့ 
နောက်ပိုင်းသင်္ကေတတွေမှာ
ငါ.... ချိတ်ပါသွားပြီ ။

အုံးအုံးကျက်ကျက်နဲ့ 
ဆူညံနေတဲ့လမ်းမပေါ်ကတွေးထဲမှာ
ငါ့ဟာ..နောက်တယောက် "ငါ "အတွက်
တခါတလေတိတ်ဆိတ်လို့ 
တခါတလေပျော့ညံ့လို့ 
တခါတလေရဲရင့်လို့ 
တခါတလေ
ဘ၀င်ဟာဘ၀င်ခိုက်အောင်ဘ၀င်မြှင့်တယ် ။

အရောင်စုံလှတဲ့ညနက်နက်တွေထဲမှာ
အာသာပြေ ဇိမ်မယ်လေးတွေကကြွရွနေတယ်
သာဂိရေ....လူဖြစ်ရတဲ့ဘဝ
မင်း...မပျော်ဘူးလားကွာ
တန်ဖိုးကိုတွက်ကြည့်စမ်း
မင်းဘယ်လောက်တန်နေပြီလဲ
ငါရော...ဘယ်လောက်တန်လဲ
တန်ရာတန်ကြေးနဲ့ လူ့ လောက
အချိုးညီမျှပါပေတယ် ။

အမေ...ကျွန်တော်လူပါးမ၀သေးဘူးဗျ
"လ"ကြွေတဖဲ့ကို အခုထိမက်မောနေစဲပါ
ကျွန်တော်လူဖြစ်ချင်ပြီ....အမေ
ထမင်းဆီဆမ်းရွှေလင်ပန်းကြီးလဲမလိုချင်တာ့ဘူး
ကောလဟာလတွေကြားထဲမှာ
အသက်ရှုကြပ်လှပြီ
ရတက်အပူတွေဟာလဲရုန်းထလို့ ပေါ့..
ရှေးဘုန်းရှေးကံခေါင်းပါးလွန်းတဲ့....ကျွန်တော်
မျှော်လင့်ချက်တွေဟာေ၀၀ါးလို့ 
ဘ၀မှာခဏခဏကျရှုံးတယ်
ဟုတ်တယ်....အမေ
ကျွန်တော်လူပီသတဲ့လူမဖြစ်သေးဘူး ။    ။

မိုးသူ(တောင်ကြီး)
25 Sep 2012/Tuesday
04:14/AM

4 comments:

ချစ်စံအိမ် said...

မိုးသူဇွဲကိုတကယ် လေးစားတယ် လမင်းမြန်မာပြည်ရောက်ရင် စာတင်ဖြစ်မယ် မထင်ဘူး စိတ်မရှည်တတ်လို့ လေ ကဗျာလေးတွေအားပေးနေပါတယ်

3rdthameetaw said...

လူပီသအောင်ကြိုးစားလိုက်ပါအုံး
မိုးသူရေ

စံပယ်ချို said...

အရောင်စုံလှတဲ့ညနက်နက်တွေထဲမှာ
အာသာပြေ ဇိမ်မယ်လေးတွေကကြွရွနေတယ်
သာဂိရေ....လူဖြစ်ရတဲ့ဘဝ
မင်း...မပျော်ဘူးလားကွာ
တန်ဖိုးကိုတွက်ကြည့်စမ်း
မင်းဘယ်လောက်တန်နေပြီလဲ
ငါရော...ဘယ်လောက်တန်လဲ
တန်ရာတန်ကြေးနဲ့ လူ့ လောက
အချိုးညီမျှပါပေတယ်------
ဒီပတ်ဝန်းကျင်မှာလဲ တွေ့နေရတယ်မိုးသူရေ.....

စောနန်းဒေဝီ said...

သာမန်လူတစ်ယောက်က သာမန်လူပဲ ဖြစ်လိမ့်မယ်
သာမန်ထက်သာချင်ရင် သာမန်လူတို့ထက် ပိုကြိုးစားရတယ်
ကိုမိုးသူလည်း ကြိုးစားနေတယ်လို့ ထင်ပါတယ်ဗျာ
ပါပါ ပြောနေကြစကားတစ်ခွန်းရှိတယ်
“ရသင့်တာထက် ပိုရချင်ရင် လုပ်သင့်တာထက် ပိုလုပ်ပါ” တဲ့
:P

Post a Comment