အလွမ်း...နွေမိုးဆောင်း



အလွမ်း...နွေမိုးဆောင်း
___________/)_/)__/¯"""/')
¯¯¯¯¯¯¯¯¯(/¯¯¯¯¯¯'\_„„„„\)
နွေ...
နွမ်းကြွေမျောလွင့်
ရော်ရွက်ရင့်တို့ 
ပင်မြင့်မှကျ
မြေပေါ်ခသည်
နွေပန်းချီ

မိုး
မှိုင်းမှုန်အာကာ
မြပ၀ါလွှမ်း
မိုးသောက်ပန်းတို့ 
ပွင့်လန်းကြသည်
ခါတော်မှီ

ဆောင်း
နှင်းမြူလွှမ်းခြုံ
ရနံ့ စုံကြိုင်
ခွါညိုခိုင်တို့ 
ကြူလှိုင်လှသည်
ချိန်ခါမည်

နွေမိုးဆောင်းပြောင်း
ရာသီဟောင်းလဲ
ချစ်ခြင်းမြဲရန်
ဆုခြွေပန်၍
ဒီတကွေ့ တွင်
ဆုံတွေ့ ချင်သည်
သူရင်ခွင်ငွေ့ 
ဘယ်မမေ့ပဲ
လွမ်းနေစဲ.....

မိုးသူ(တောင်ကြီး)

04 OcT 2012/Thursday
03:04/Pm

.,-,*´`'*°☆
/.(
\ {
`-`☆.¸¸.♥
┊ ┊ ┊ ┊♥
┊ ┊ ┊ ☽
┊ ┊ ☆
☆☆3

1 comment:

မိုးနတ်ကြယ်စင် said...

နွေမိုးဆောင်းပြောင်း
ရာသီဟောင်းလဲ
ချစ်ခြင်းမြဲရန်
ဆုခြွေပန်၍
ဒီတကွေ့ တွင်
ဆုံတွေ့ ချင်သည်
သူရင်ခွင်ငွေ့ 
ဘယ်မမေ့ပဲ
လွမ်းနေစဲ.........

နောက်ဆုံးပုဒ်လေး လှသကွယ်...
မိုးသူရေ...ကြိုက်အိ.....
ခင်တဲ့...မိုးနတ်

Post a Comment