လမ်း



လမ်းမပေါ်ကအော်ခေါ်နေတဲ့
အပျော်တွေ
လမ်းမထက်မှကျဲပြန့် လို့ 
ဘ၀တွေကိုဆွဲဆန့် ထားတယ် ။

လမ်းဘေးနားကအရောင်စုံ
စကားလုံးတွေ
နောင်ကြုံရင်ပြောပြချင်လို့ 
စာတစုအသွင်ဖွဲ့ စည်းထားတယ် ။

လမ်းမပေါ်ကပဉ္စလက်
အတွေ့ အမြင်တွေ
ဆင်ခြင်တုံတရားတွေနဲ့ ပေါင်းစပ်လို့ 
အပ်ကြောင်းထပ်နေတဲ့
ဆုံးမစာတွေနဲ့ မော့မော့သောက်နေရတယ် ။

လမ်းဘေးနားကသမ်းဝေမှုတွေထဲမှာ
ဓါတ်တိုင် ပလက်ဖောင်း
မျဉ်းကြား တိုက်တာအဆောက်အအုံတို့ ဟာ
လောကရဲ့ ပြီတီတီပြက်လုံးတွေကို
ခွဲခြားစိပ်ဖြာတတ်တယ်
လောကရဲ့ ဓမ္မ အဓမ္မတွေကို
လစ်လှူရှုထားသေးတယ် ။
(မယုံရင် ဓါတ်တိုင်တဲ့ခေါင်းနဲ့ ပြေးစောင့်လိုက်)

အဲသလိုနဲ့ 
လမ်းတွေရဲ့ ခေါ်ဆောင်ရာနောက်ကို
လိုက်ရင်းလိုက်ရင်းနဲ့ 
နှလုံးအိမ်ကို ရိုက်သွင်းခံရတဲ့
နိယာမတွေ နဲ့ ပညက်ချက်တွေ
ကန့် သတ်မှုတွေ စည်းကမ်းတွေ
နည်းလမ်းတွေကို
ဒီတသက်အတွက် ...မုန်းတယ်

ဒီဘ၀အတွက် လမ်းတွေ
အများကြီးမရှိပါဘူး
တူညီတဲ့ လမ်းတလမ်းထဲပါပဲ ။
(မယုံဘူးလား ခဏနေရင်မင်းဆီကိုလွှတ်လိုက်မယ်)

မိုးသူ(တောင်ကြီး)

16 October 2012/Tuesday
06:26/AM

5 comments:

စံပယ်ချို said...

အဲသလိုနဲ့ 
လမ်းတွေရဲ့ ခေါ်ဆောင်ရာနောက်ကို
လိုက်ရင်းလိုက်ရင်းနဲ့ 
နှလုံးအိမ်ကို ရိုက်သွင်းခံရတဲ့
နိယာမတွေ နဲ့ ပညက်ချက်တွေ
ကန့် သတ်မှုတွေ စည်းကမ်းတွေ
နည်းလမ်းတွေကို
ဒီတသက်အတွက် ...မုန်းတယ် ................
နည်းလမ်းတွေ စည်းကမ်းတွေမရှိလဲ မဖြစ်ပြန်ဘူးကွယ်
ခင်မင်တဲ့ မကြီးjasmine

မိုးနတ်ကြယ်စင် said...

လမ်းဘေးနားကသမ်းဝေမှုတွေထဲမှာ
ဓါတ်တိုင် ပလက်ဖောင်း
မျဉ်းကြား တိုက်တာအဆောက်အအုံတို့ ဟာ
လောကရဲ့ ပြီတီတီပြက်လုံးတွေကို
ခွဲခြားစိပ်ဖြာတတ်တယ်
လောကရဲ့ ဓမ္မ အဓမ္မတွေကို
လစ်လှူရှုထားသေးတယ် .....

ယုံပါတယ် မိုးရယ်..ဓါတ်တိုင်နဲ့ခေါင်းနဲ့တော့ ပြေးမဆောင့်ပါရစေနဲ့ဟယ်
ခဏနေ မိုးနတ်ခေါင်းလေးကွဲသွားပါအုံးမယ်...
မိုးနတ်ခေါင်းကွဲသွားမှာကိုတော့ မိုးသူမကြည့်ရက်ဘူးမလားဟင်..:P
ခင်တဲ့....မိုးနတ်

ချစ်စံအိမ် said...

ဒီဘ၀အတွက် လမ်းတွေ
အများကြီးမရှိပါဘူး
တူညီတဲ့ လမ်းတလမ်းထဲပါပဲ ။
(မယုံဘူးလား ခဏနေရင်မင်းဆီကိုလွှတ်လိုက်မယ်)

3rdthameetaw said...

နှလုံးအိမ်ကို ရိုက်သွင်းခံရတဲ့
နိယာမတွေ နဲ့ ပညက်ချက်တွေ
ကန့် သတ်မှုတွေ စည်းကမ်းတွေ
နည်းလမ်းတွေကို
ဒီတသက်အတွက် ...မုန်းတယ်
...အရာအားလုံးဟာ ကိုယ်လိုချင်သလိုရတာမှ မဟုတ်တာ မိုးသူရေ
မုန်းနေပေမယ့် လက်ခံ လိုက်ရတာ တွေ အများကြီးနော်

အိပ်မက်ကောင်းကင် said...

ယုံပါတယ် ကိုမိုးသူရယ် .....
"လမ်းတွေရဲ့ ခေါ်ဆောင်ရာနောက်ကို
လိုက်ရင်းလိုက်ရင်းနဲ့ 
နှလုံးအိမ်ကို ရိုက်သွင်းခံရတဲ့
နိယာမတွေ နဲ့ ပညက်ချက်တွေ
ကန့် သတ်မှုတွေ စည်းကမ်းတွေ
နည်းလမ်းတွေကို
ဒီတသက်အတွက် ...မုန်းတယ် "\
သည်စာပိုဒ်လေးကိုလည်းအရမ်းကြိုက်တယ်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

Post a Comment