ကောင်မ.....ရယ်..../လို့ / မစွတ်စွဲခဲ့


ကောင်မ....ရယ်
ငါဗျစ်ရည်သောက်နေချိန်မှာမှ
နင်မို့ လို့ 
ဗျက်စောင်းတီးပြီးကခုန်ပြတယ်....လို့  ။

ကောင်မ....ရယ်
ငါ ရာဂတွေထက်သန်နေတဲ့ အချိန်မှာမှ
နင်မို့ လို့ 
ရင်ဖုံးအကျီ င်္နဲ့ ချိတ်ထမိန်ဝတ်လာရတယ်....လို့ 

ကောင်မ....ရယ်
ငါ အဝေးကိုရောက်နေပြီဆိုတဲ့ အချိန်မှာမှ
နင်မို့ လို့ 
ှခန္ဓာကိုယ်အစိတ်ပိုင်းတိုင်းကိုလွမ်းရတယ်.....လို့ 

ကောင်မ.....ရယ်
ငါ ကြယ်တွေကြွေတာကိုမော့ကြည့်နေတဲ့အချိန်မှာမှ
နင်မို့ လို့ 
အဖြူရောင်ဇာပ၀ါပါးပါးလေးနဲ့ ငါ့အရှေ့ ကိုယ်ထင်ပြရတယ်....လို့ 

ကောင်မ....ရယ်
ငါ အနောက်ကျောပေးပြီးရပ်နေတဲ့ အချိန်မှာမှ
နင်မို့ လို့ 
ဓါးနဲ့ ထိုးဖို့ ကြံရွယ်ရတယ်....လို့ 

ကောင်မ....ရယ်
ငါ ဘာမှမလိုချင်ဘူးဆိုတဲ့အချိန်မှာမှ
နင်မို့ လို့ 
ငါ့ကိုသက်တော်စောင့်ရာထူးပေးရတယ်.....လို့ 

ကောင်မ....ရယ်
ငါ ရည်ရွယ်ချက်တွေဆီကိုအရောက်သွားနေတဲ့အချိန်မှာမှ
နင်မို့ လို့ 
ခလုပ်တိုက်အောင်ခြေထိုးခံရတယ်.......လို့ 

ကောင်မ....ရယ်
ရောမပြည်ကြီးမီးဟုန်းဟုန်းတောက်ခဲ့တာ
နင့်လို တချို့ တချို့ သော မိန်းမတွေကြောင့်ပေါ့
နင်မို့ လို့ 
တယောထိုးပြီးမြူစွယ်ရက်တယ် .......လို့ 

(အဲသလိုတွေ....ငါဘယ်တုန်းကမှမစွတ်စွဲခဲ့ပါဘူးနော်)

မိုးသူ(တောင်ကြီး)
18 August 2012/Saturday
01:40/PM

5 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးကတမျိုးလေး ခံစားရတာကောင်းတယ်

စံပယ်ချို said...

မိုးသူရေ ကောင်မ.....ရယ်ကတော့တကယ်မိုက်ပါ့
( ကောင်မ....ရယ်
ငါဗျစ်ရည်သောက်နေချိန်မှာမှ
နင်မို့ လို့ 
ဗျက်စောင်းတီးပြီးကခုန်ပြတယ်....လို့  ။
ကောင်မ....ရယ်
ငါ ရာဂတွေထက်သန်နေတဲ့ အချိန်မှာမှ
နင်မို့ လို့ 
ရင်ဖုံးအကျီ င်္နဲ့ ချိတ်ထမိန်ဝတ်လာရတယ်....လို

မိုးနတ်ကြယ်စင် said...

အဟက်....ရေးချင်တာတွေ အားရအောင်ရေးပြီးမှ..
မစွပ်စွဲခဲ့ဘူးဆိုပဲ...ဒါလဲ ပညာတစ်မျိုးပဲထင်ရဲ့..
တော်ထှာ ...မိုးသူ....( စတာပါ )
မိုးသူ...ငါ နင့်ကဗျာလေး ကြိုက်တယ်ဟ....
စကားလုံးလေးတွေ သုံးတာကောင်းတယ်...ပြတ်တယ်..
နင့်ကဗျာတွေ ဖတ်ပြီးတော့ ရင်ဘတ်ဖိခဲ့ရတာလဲ မနဲတော့ဘူးပဲ..
ငါကျင့်သားရနေပါပြီ....ကြမ်းတယ်ဆိုရင်လဲ လာတော့ဖတ်ရအုံးမှာပဲ
ဘာကြောင့်ဆို ငါက နင့်ကဗျာတွေကိုမှ ကြိုက်မိနေသကိုး......
ခင်တဲ့....မိုးနတ်

ချစ်စံအိမ် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်

Unknown said...

ကောင်းတယ်

Post a Comment