မထူးဆန်းတော့တဲ့....အလွမ်း
နတ်သမီးလေးရေ ....
မြုပ်ချည်တခါပေါ်ချည်တလှည့်
ကူးခပ်နေရတဲ့ ငါဟာ
နင့်ပရောဂတွေကြားမှာ
တကယ်ပဲသာယာနေပါတယ် ။
အပြင်မှာနေသာတဲ့နေ့ 
ငါ့ကိုမေ့လျော့ခြင်းတွေနဲ့ 
ခဏခဏထားသွားတာလဲ
စကားမများပဲသိသိကြီးနဲ့ 
ငါရစ်မူးပျော်ရွှင်နေပါတယ်
အပန်းရောင်တွေရှိတဲ့အရပ်
နင်ပဲခေါ်သွားမယ်ဆို
အပျော်နဲ့ ထားခဲ့တယ်ဆိုရင်တောင်
ငါကျေနပ်နေတတ်ခဲ့ပါတယ်
မဖြေတတ်သေးတာက
စမ်းသပ်ခံအလွမ်းတွေရဲ့ 
အားနည်းချက်ကြောင့်ပါ
နတ်သမီးလေးရေ
ငါ့အချစ်တွေကပ်စီးမနဲဘူးနော်
တရက်ပြီးတရက်သာလွန်မြောက်လာတယ်
ငါ့ရဲ့ မဖောက်ပြန်တဲ့မြတ်နိုးမှုတွေဟာ
တရစ်ပြီးတရစ်တိုးလို့ လာတယ်ကွယ်
ငါပျော်ရွှင်ရတယ်ကွယ်
နင့်စကားလုံးချိုချိုလေးတွေကို
စွဲလမ်းမှုတွေနဲ့ ပိုပိုလာရတယ်
ငါငိုယိုခဲ့တဲ့နေ့ 
နင်မမေ့ခဲ့တာလဲငါကျေနပ်ပါတယ်
အခုတလော.......
ငါဟာသိပ်အထီးကျန်ရတယ်
အကျဉ်းတန်တဲ့နေ့ တွေကို
အားတင်းကာကူးဖြတ်
ရူးမတတ်လဲဖြစ်ခဲ့တယ်
မထူးဇာတ်ခင်းလို့ 
တခါတလေများ
နင့်ဆီကိုအပြေးလေးလာပါချင်ရဲ့
မိုးသူ(တောင်ကြီး)
06 Oct 2012/Sat
06:17/Pm
4 comments:
မိုးနတ်ကြယ်စင် said...
အခုတလော.......
ငါဟာသိပ်အထီးကျန်ရတယ်
အကျဉ်းတန်တဲ့နေ့ တွေကို
အားတင်းကာကူးဖြတ်
ရူးမတတ်လဲဖြစ်ခဲ့တယ်
မထူးဇာတ်ခင်းလို့ 
တခါတလေများ
နင့်ဆီကိုအပြေးလေးလာပါချင်ရဲ့ 
ဟယ်..တကယ်ကြီးလားမိုးရေ...
စိတ်ထိန်းမှပေါ့ကွယ်.....
ကောင်မလေးက မိုးကို လာခွင့်ပြုလို့လား....
ခွင့်ရောတောင်းပြီးလို့လားဟင်....
ဒါလေးက တစ်မျိုးလေးပါလားမိုးရေ...
တခါတလေမှာ..ဆန်းပြားတဲ့အရာတွေထက်..
ရိုးရှင်းတဲ့ ခံစားချက်လေးတွေက လူကို ကြည်နူးဆွတ်ပျံ့စေတယ်
ခု ကဗျာလေးလဲ အဲလိုပဲ....ရိုးရှင်းပြီး ပေါ့ပါးတဲ့ဟန်ကိုတွေ့ရတယ်..
မိုးသူ ခါတိုင်းရေးတဲ့ ကဗျာတွေနဲ့မတူဘူး.....
ကိုယ်ချစ်တဲ့သူဆီ စိတ်ရှိတိုင်း အပြေးရောက်အောင်
သွားနိုင်ပါစေလို့...မိုးနတ်ဆုတောင်းပေးနေပါတယ်..
ခင်မင်နေလျက်ပါ...မိုးရေ....
စံပယ်ချို said...
လွမ်းရတာတွေသိပ်များလာတော့လဲ အလွမ်းဆိုတာ မထူးဆန်းတော့ဘူး
ထင်ရတယ်နော်
လွင်ပြင်လှိုင်းငယ် said...
သွားချင်ရင် မြန်မြန်တာသွားလိုက် ညီလေးမိုးသူရေ
မြတ်နိုးသူ said...
အပြင်မှာနေသာတဲ့နေ့ 
ငါ့ကိုမေ့လျော့ခြင်းတွေနဲ့ 
ခဏခဏထားသွားတာလဲ
စကားမများပဲသိသိကြီးနဲ့ 
ငါရစ်မူးပျော်ရွှင်နေပါတယ်
ကဗျာလေးခံစားသွားပါတယ်။
Post a Comment