ကျေနပ်ပါတယ်


အရိပ်မိုးခံထားရတဲ့ချစ်ခြင်းတရားတွေ
ဒီနေ့ မနက်ခင်းလေးမှာထိုးထောင်လို့ 
ကျုပ်ရင်အစုံကိုဝင်ရောက်တိုက်ခိုက်တယ်
ဥပေက္ခာမီးပုံကြီးထဲကနေ
ထကြွလာတဲ့ဖီးနစ်ငှက်တို့ ရဲ့ အားမာန်အတိုင်း
တဖန်ပြန်လည်နုပျိုလန်းဆန်းလာခဲ့ရပြီ

တချက်လောက်ပြုံးလိုက်စမ်းပါကွယ်
မသိချင်ယောင်ဆောင်နေခဲ့တာမဟုတ်ရပါဘူး
မသိရဲလို့ အသိစိတ်တွေကန့် လန့် ကာအုပ်ထားခဲ့တာပါ
နှုတ်အားဖြင့်ကြေ လက်အားဖြင့်သေခဲ့ရတဲ့
ဂရုစိုက်မှုတွေ ဘယ်လိုမှနလန်ပြန်မထူနိုင်ဘူးထင်ခဲ့မိတယ်

အပြင်အဆင်မဲ့ခဲ့တဲ့သတိရခြင်းတွေ
နေ့ စဉ်တိုင်းနိုပ်စက်သမျှကိုခါးစီးခံနေခဲ့ရတယ်
ဒီနေ့ တော့တွန်းလှန်လိုက်တော့မယ်နော်
ယုံကြည်ပါရစေချစ်သူရယ်
ယုံကြည်ခွင့်ပေးလှည့်ပါ
နင့်ရဲ့ ဂရုစိုက်မှုတွေ ယုယမှုတွေ
ရူးမိုက်စွာပဲတမ်းမက်နေရတယ်

အလွမ်းတွေဟာမစိုက်ပျိုးပဲရှင်သန်နေခဲ့ပေမယ့်
ကြင်နာခဲ့ဖူးတဲ့အနမ်းတွေကတော့
ဖြူရော်ရော်ညနေခင်းမှာပဲသွေးစုပ်ခဲ့ပြီလေ
အဆုံးအထိတိုင်မျှော်လင့်ပါရစေတော့...ချစ်သူရယ်
ပွင့်လင်းမှုမရှိခဲ့တဲ့ငါတို့ ရဲ့ ချစ်ခြင်းတွေက
တခါတလေသံသယတွေနဲ့ ရောစွက်သွားတဲ့အခါ
နင်ငါ့ကိုအကြာကြီးပစ်ထားဖို့ စဉ်းစားခဲ့ဖူးတယ်နော်
ငါကျေနပ်ပါတယ်......ချစ်သူရယ်

မိုးသူ(တောင်ကြီး)

27Oct2012/Sat
08:44/AM


4 comments:

စံပယ်ချို said...

အလွမ်းတွေဟာမစိုက်ပျိုးပဲရှင်သန်နေခဲ့ပေမယ့်
ကြင်နာခဲ့ဖူးတဲ့အနမ်းတွေကတော့
ဖြူရော်ရော်ညနေခင်းမှာပဲသွေးစုပ်ခဲ့ပြီလေ
အဆုံးအထိတိုင်မျှော်လင့်ပါရစေတော့...ချစ်သူရယ်------
ကျေနပ်ပါတယ်ကို ကျေကျေနပ်နပ်ကြီးဖတ်ခဲ့တယ်မိုးသူရေ....
sis jasmine

မိုးနတ်ကြယ်စင် said...

အပြင်အဆင်မဲ့ခဲ့တဲ့သတိရခြင်းတွေ
နေ့ စဉ်တိုင်းနိုပ်စက်သမျှကိုခါးစီးခံနေခဲ့ရတယ်
ဒီနေ့ တော့တွန်းလှန်လိုက်တော့မယ်နော်
ယုံကြည်ပါရစေချစ်သူရယ်
ယုံကြည်ခွင့်ပေးလှည့်ပါ
နင့်ရဲ့ ဂရုစိုက်မှုတွေ ယုယမှုတွေ
ရူးမိုက်စွာပဲတမ်းမက်နေရတယ်

ဟင့်...ငိုချင်ရက်ကို လာပြီးလက်တို့နေတာလားမိုးသူ..
နာလဲကျေနပ်ပါတယ်...မကျေနပ်လို့မှမရတာ...
ကဗျာလေးကောင်းတယ်..မိုး..နှစ်သက်မိတယ်.ခံစားခဲ့ပါတယ်ဟယ်..
မတွေ့တာကြာပြီလားလို့ တောင်ကြီးသားရေ...
တခါတခါတော့လဲ သတိရမိသားဟ...
ခင်တဲ့...မိုးနတ်

မြတ်နိုးသူ said...

အလွမ်းတွေဟာမစိုက်ပျိုးပဲရှင်သန်နေခဲ့ပေမယ့်
ကြင်နာခဲ့ဖူးတဲ့အနမ်းတွေကတော့
ဖြူရော်ရော်ညနေခင်းမှာပဲသွေးစုပ်ခဲ့ပြီလေ
ကဗျာလေးခံစားသွားပါတယ်။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ပွင့်လင်းမှုမရှိခဲ့တဲ့ငါတို့ ရဲ့ ချစ်ခြင်းတွေက ..

တကယ်တော့ ချစ်ခြင်းတွေဟာ စိတ်ချင်းသိနားလည်ဖို့သာ အရေးအကြီးဆုံးပဲလို့ဆိုဆို ပွင့်လင်းသင့်ပါတယ်။

( စကားမစပ်.. အခါတိုင်း မြတ် မျက်စိလျှမ်းသလား မသိဘူး။ လိပ်ပြာကလေးတွေကို ခုမှ တွေ့တယ်။ လှလိုက်တာ )

Post a Comment