မီချီဂန်......သို့ ပေးစာ
ကဲ...ကိုအောင်ဝေး
ပါးစပ်ပေါက်ကိုပိတ်
ကိုယ့်အရိပ်ကိုမလန့် ဘူးလားဗျာ
ကဲ...မီချီဂန်အောင်ဝေး
တစ်ထောင်ပေးမယ် (ထောင်ဒဏ်)
ဂယောင်ခြောက်ခြားဘေးတီးနေတာတွေရပ်
ကဲ....ကိုအောင်ဝေး
နောင်လာမယ့်သမိုင်းအရေးမှာ
နိုင်းတွေးကြည့်စမ်းပါ
ခင်ဗျားအစားကျုပ်ဖြင့်ရင်လေးပါဘိ
ကဲ...မီချီဂန်အောင်ဝေး
လွမ်ရေးထက်ဝမ်းရေးခက်ရင်ပြောဗျာ
ကျူပ်တို့ တောမှာတယောက်တစ်ကျပ်ကောက်ခံလို့ 
ခင်ဗျားတို့ သူခိုးကြီးမိုးသီးကိုပါ မင်ဟတ်တန်ကို
အရောက်ခေါ်လို့ ပြန်ပါဗျာ......
ကျုပ်တို့ တိုင်းပြည်မှာ
ဘူးသီးတွေလဲသီးတော့မယ်
အရီးတွေကလဲပေါချက်နှယ်
ခင်ဗျားပြောသလို (ရီးပဲ...ရီးပဲ)
ကျုပ်တို့ တိုင်းပြည်မှာ အရင်တုန်းကခေတ်လို
ငတုံးတွေငရစ်တွေလစ်ကုန်ပြီဗျ .......
ဒေါင်းအစစ်ဆိုပြီး
အသံကောင်းဟစ်လို့ ပြည်တော်ပြန်သတဲ့
အောင်ဝေးရေ...ခင်ဗျားဒေါင်းက
မြောင်းကြားထဲကသူတောင်းစား
မသာခေါင်းနားရစ်သီရစ်သီနဲ့ 
မဖြစ်ညစ်ကျယ်ပလီတတ်သေးတယ်
ဒီမှာ...ကိုအောင်ဝေး
ကလောင်နှစ်ချောင်းပေးလဲ
ခင်ဗျားဂျောင်လေးမှာပဲကပ်နေတော့မယ်
ရန်ကုန်ကအရင်လို မရူးဘူးဗျ
ခင်ဗျားကဘုရားထူးထူးနေတဲ့
နှာဘူးကောင်တွေရန်ကုန်ရောက်နေပြီလေ
အသားထဲကလောက်ထွက်
အမျိုးဖျက်မယ့်ပြည်ပြေး
ကိုယ်ဖာသာကိုယ်အရင်တွေးစမ်းပါ
ခင်ဗျားပတ်ရမ်းလိုက်တဲ့စကားလုံးတွေက
ရန်ကုန်ရဲ့ ရင်ခုန်နှုန်းကိုထိကပါးရိကပါးနဲ့ 
မှတ်ထားလိုက်ပါ ကိုအောင်ဝေး
ရန်ကုန်ဟာမြွေပွေးများရှိတဲ့ ရန်ကုန်ဗျ
ကိုအောင်ဝေးရေ..
မြောက်ပိုင်းပါဂျောင်ကအရိုးတွန်သံတွေဆူဝေလာရင်
ခင်ဗျားလူကြီးအိပ်တန်းမပြန်ရပဲ
လက်ထိတ်တန်းလန်းနဲ့ မြင်ယောင်တယ်
သခင်အတွက်ဟောင်တဲ့
ခင်ဗျားအသံကလဲညံလွန်းသဗျ
မြန်မြန်သံကြိုးဆွဲပြီးလာခေါ်ပါတော့
ကိုအောင်ဝေးရယ် ......
မင်ဟတ်တန်မှာဒေါ်လာရှားနေပြီလားဗျာ
မော်ကာကြွားနေတဲ့ မိုးသီးတော့
ရန်ကုန်မှာတရက်ခွဲပဲရှိသေးတယ်
သူခိုးကြီးအရှက်ကွဲနေပြီ
သိပ်လဲမပြောချင်ပါဘူး ကိုအောင်ဝေးရေ
ဒါဟာ ခင်ဗျားတို့ သမိုင်းပဲ
ဘယ်လိုပဲနိုင်းဆဲဆဲ
ကျုပ်တို့ သမိုင်းဟာမရိုင်းရဲပါဘူး
ဒါပေမယ့်ခင်ဗျားဆဲသလိုတော့ဆဲချင်တယ်
(ရီးပဲ)
ကဲ....ကိုအောင်ဝေး
ခင်ဗျားအထင်ကြီးတဲ့ တိုင်းတပါးကနေ
တင်စီးတဲ့စကားတွေနဲ့ အပုတ်မချနဲ့ ပေါ့ဗျာ
ထုတ်ပြစမ်းပါခင်ဗျားတို့ ထမ်းဆောင်ချက်
ရမ်းယောင်လို့ အိမ်မက်မမက်စမ်းနဲ့ 
ခင်ဗျားအပုတ်ချတဲ့ ..ရန်ကုန်
ပြန်မဆုံချင်လဲ...နေပါ
အပျိုရည်မပျက်ပါဘူး
ခက်တာပဲဗျာ
အခု.....အချိန်ကောင်းခါမှ
ခွပ်ဒေါင်းကွလို့ အမောက်ထောင်ပြတာတော့
မကောင်းဘူးပေါ့ဗျာ
ထမင်းအိုးထဲကခူးပြီးခပ်ပြီးခါမှ
ရှစ်ဆယ့်ရှစ်မျိုးဆက်ဆိုပြီး
နှမ်းဖြူးမယ့်ပြည်ပြေးတွေရောက်လာတာတော့
ရင်ထဲမချိအောင်နာတယ်ဗျာ
ခင်ဗျားပြောတဲ့အရူးတွေရဲ့ ရန်ကုန်
ခင်ဗျားပြန်လာမခိုလှုံနဲ့ ပေါ့ဗျာ
ခင်ဗျားအထင်ကြီးတဲ့မင်ဟတ်တန်မြစ်ထဲမှာ
ခင်ဗျားချစ်တဲ့သူခိုးကြီးမိုးသီးနဲ့ အတူ
ခင်ဗျားတို့ အလ္လာဟ်ရှင်မြတ်အမိန့် တော်ခံယူလိုက်ပါတော့
မိုးသူ(တောင်ကြီး)
01Sep2012/Saturday
09:55/Pm
ရေးထားတာကြာပါပြီ facebook ကနေပြန်ကူးယူလာတာပါ
ဒီကဗျာကတော့ facebook မှာရန်ဖြစ်ထားတဲ့ကဗျာပါ
ကဗျာတွေကိုခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေးတွေဖိုက်ရတာ
စိတ်တော့မကောင်းဘူး ကိုယ့်ဟာကိုတောင်လိပ်ပြာက မလုံဘူး
(((အရူးတွေရဲ့ ရန်ကုန်မှာ
ငါမခိုလှုံချင်တော့ဘူး
အရူးတွေနဲ့ 
ရန်ကုန်မှာ
ငါမဆုံချင်တော့ဘူး))
(((မင်းစွန့် လွှတ်ခဲ့သမျှဟာ
ရန်ကုန်ကခွေးအတွေအူဖို့ မဟုတ်ဘူး
မင်းအိမ်နဲ့ ဝေးခဲ့သမျှဟာ
ဖေ့စ်ဘုတ်ပေါ်က ငကြောင်တွေ
ဖွဖို့ မဟုတ်ဘူး)))
ဆိုတာကတော့ဗျာ
ဝါးလုံးချီးသုပ်ရမ်းရာကြပါတယ်
အဲဒီစကားတွေကို
ကိုအောင်ဝေးက ဘယ်လိုတာဝန်ယူမှာလဲ
ကျွန်တော်က ရန်ကုန်ကတော့မဟုတ်ပါဘူး
ထိတာကတော့နာတယ်ဗျာ
လက်သည်းဆိတ်ရင် လက်ထိတ်တော့နာတယ်ဗျ
အဲဒါကြောင့် ဒီကဗျာနဲ့ ပြန်တုန့် ပြန်လိုက်တာပါ
စိတ်တော့မကောင်းဘူးဗျို့
4 comments:
စံပယ်ချို said...
အစကနေအဆုံးထိ ၂ခါ တောင်ဖတ်ခဲ့တယ်မိုးသူရေ.....
မဂျက်လဲ အရူးတွေနဲ့မဆုံချင်သူပါပဲ
ဖဘပေါ်ကငကြောင်တွေစရင်းထဲ မဂျက်ပါဘူးနော် p....စာတာနော်
ခင်မင်တဲ့ sis jasmine
မိုးနတ်ကြယ်စင် said...
ဟုတ်တယ်မိုးရေ....မိုးနတ်လဲ ၂ခါ ၃ခါ ပြန်ဖတ်ရတယ်..
ဘာပြောရမှန်းတောင်သိတော့ဝူး....
သိတာတော့ မိုးသူစိတ်ဆိုးနေတယ်ဆိုတာပါပဲ..
သူတို့ကလဲ အဲလိုဘာလို့ရေးရတာလဲဟယ်..မသိတော့ပါဘူးဟာ..
မိုးသူရေ...ရန်လဲဖြစ်ပေါ့..စိတ်လဲထိန်းပေါ့..အင်းပြောရတာလဲခက်ခက်
မိုးသူလဲ ဘယ်ရန်ဖြစ်ချင်ပါ့မလဲနော်...ခုက..........
အို..မိုးနတ်ဘာမှမသိတော့ဘူးကွယ်..
စိတ်တော့မကောင်းဘူး....
ဘာပဲဖြစ်ဖြစ် အားပေးလျက်ပါ...
ခင်မင်နေတဲ့....မိုးနတ်
ချစ်စံအိမ် said...
လာရောက်ဖတ်ခဲ့တယ်မိုးသူရေ
လွင်ပြင်လှိုင်းငယ် said...
ကဗျာလေးအားပေးသွားတယ်ညီလေးရေ ။အလုပ်တွေများနေလို့မရောက်တာ
နားလည်ပေးပါနော်
Post a Comment