နူးညံ့စင်ကြယ်သောရင်ခုန်သံတချို့ 


အောက်စီဂျင်ပြည့်ဝနေတဲ့
ငါ့ရဲ့ တစွန်းတစမျှော်လင့်ချက်တွေ
အစီစဉ်တကျမရှိပါပဲ
ချစ်သူရင်ခွင်ထဲမှာ
ပြောင်လက်တောက်ပနေတယ် ။

သက်တမ်းကုန်တော့မယ့်
ပန်းတပွင့်ရဲ့ ဆန္ဒမျိုးတွေနဲ့ 
နင့်ရဲ့ အယုအယတွေကို
တုန်ရီလှိုက်ဖိုစွာ
မက်မက်မောမောတောင့်တမိတယ် ။
ထမင်းပန်ကန်အစွန်းက
ယင်ကောင်တစ်ကောင်ရဲ့ 
ဆာလောင်ချဉ်ခြင်းတက်မှုဝေဒနာလို
နင့်ရဲ့ အနမ်းတွေကို
ရူးသွပ်စွာတမ်းမက်နေတယ် ။

အခုည....
ကြယ်တာရာတို့ ခြံရံလို့ 
တိမ်သလ္လာတို့ ကိုအားမနာပဲ
ငါအလွမ်းဖွဲ့ တွေသီကုံးမယ်
နီစွေးစွေးနင့်ရဲ့ နှုတ်ခမ်းနဲ့ 
ငါ့ကိုတချက်လောက်နမ်းပါ
နင့်ကိုယ်သင်းရနံ့ လေးတွေနဲ့ 
ငါ့ကိုခဏလောက်ရစ်မူးခွင့်ပြုပါ
လေညင်းလေးတွေရှက်သွေးဖြာတဲ့အချိန်
ငါ့ကိုခပ်တင်းတင်းလေးဖက်ထားပေးပါ
ပြီးတော့.....
နင်နဲ့ ငါ
အိပ်ယာဝင်ပုံပြင်တွေထဲက
ရုန်းထွက်ကြပါစို့ နော် ........

မိုးသူ(တောင်ကြီး)
27 August 2012/Monday
06:55/Pm

3 comments:

မိုးနတ်ကြယ်စင် said...

“အခုည....
ကြယ်တာရာတို့ ခြံရံလို့ 
တိမ်သလ္လာတို့ ကိုအားမနာပဲ
ငါအလွမ်းဖွဲ့ တွေသီကုံးမယ်
နီစွေးစွေးနင့်ရဲ့ နှုတ်ခမ်းနဲ့ 
ငါ့ကိုတချက်လောက်နမ်းပါ
နင့်ကိုယ်သင်းရနံ့ လေးတွေနဲ့ 
ငါ့ကိုခဏလောက်ရစ်မူးခွင့်ပြုပါ
လေညင်းလေးတွေရှက်သွေးဖြာတဲ့အချိန်
ငါ့ကိုခပ်တင်းတင်းလေးဖက်ထားပေးပါ
ပြီးတော့.....
နင်နဲ့ ငါ
အိပ်ယာဝင်ပုံပြင်တွေထဲက
ရုန်းထွက်ကြပါစို့ နော်”........
အားပါးပါး...နုရွနေတာပဲနော်..မိုးသူ...
ကဗျာလေးက ခေါင်းစဉ်လေးနဲ့လဲ လိုက်တယ်..မိုးနတ်လဲကြိုက်တယ်..
မိုးသူရယ်..ရေးတဲ့လူတော့မသိဘူးကွယ်..ဖတ်တဲ့လူတောင် ဖတ်ပြီး
ရင်ခုန်သွားတယ်..ဘယ်သူ့ကိုရည်ရွယ်ပြီးရေးထားတာလဲ မိုးသူ..
မှန်မှန်ပြောနော်..မိုးနတ်ကို...:P.(စတာပါ)
ကဗျာလေးက အရမ်းကောင်းပြီး...အရမ်းနူးညံ့နေလို့...
အားပေးလျက်ပါ.မိုး..
ခင်တဲ့..မိုးနတ်...

ချစ်စံအိမ် said...

အားပေးနေပါတယ်....

အိပ်မက်ကောင်းကင် said...

တစ်ဖြေးဖြေးနဲ့ ကဗျာလေးက ဖတ်လို့ကောင်းလာပါတယ်
ကဗျာရေးတဲ့ သူက လက်စွမ်းထက်လာတယ်ကိုး
အားပေးသွားတယ်နော် . . ..

Post a Comment