ကဗျာတို့ ၏ သူရဲကောင်း /သစ္စာဖောက် (နှင့်)အဖြူပျက်
ဒုတ်ထိုးအိုးပေါက်အသုံးအနှုန်းတွေနဲ့ 
ခေတ်ပေါ်....ခေတ်ပေါ်ဆိုပြီး
လျှပ်ပေါ်လော်လီနေတဲ့
ဒီလောက........ငါနဲ့ မှဖြစ်ပါ့မလား
တကွက်ချန်အရေးအသားနဲ့ 
မြင်အောင်တွေးကြည့်ပါတယ်
အိုး.....မျှော့တွေ ...မျှော့တွေ
နှလုံးအိမ်ရဲ့ ဝိဉာဏ်သွေးကိုစုတ်ယူနေကြတယ်
ကာရန်မဲ့တာလား နမိတ်ပုံမဲ့တာလား
ရစ်သန်မဲ့တာလား အဖြစ်မှန်တွေနဲ့ ရွဲ့ တာလား
သစ္စာဖောက်ဓါးရိုးကမ်းတဲ့စိတ်
အင်မတန်သိမ်ဖျင်း သေးနုပ်နေပါတယ်
ကဗျာတွေရိုးသားတာလား
ကဗျာဆရာတွေရိုးသားတာလား
ကဗျာတွေအတွက်ဘေးများနေတာသေချာတယ်
ကဗျာတွေတိုင်းဟာ
ရန်သူတွေဝိုင်းနေတာမျက်မြင်ကိုယ်တွေ့ ဖြစ်တယ်
(လောက်ကောင်တွေကတော့ပါးစပ်ပိတ်မနေဘူး)
ပွင့်လင်းလွန်းတဲ့ စရိုက် သင်းတို့ နဲ့ မကိုက်ဘူး
ဟေး......ရဲဘော်တို့ 
နောက်မဆုတ်ကြနဲ့ ...ရှေ့ တက်
အန္တရယ်စက်ကွင်းထဲကနေ
ကိုယ်လွတ်ရုန်းတော့မှာလား
မင့် , ကိုပြုံးပြုံးကြီးကြည့်နေတဲ့ 
လူတသိုက်ကိုတော့......
ဘယ်သူမိုက်သလဲလို့ သွားမမေးနဲ့ ပေါ့ကွာ ။   ။
မိုးသူ(တောင်ကြီး)
28 July 2012/SAT
01:53/PM
ညာတာပါတေးနဲ့ ပြုံးစိစိရေးထားသည်
@@@@@@@@@@@@@@@@@@@@@@@@@@
အဖြူပျက်
======
ကိုင်း..........
ခင်ဗျားဘာပြောချင်သေးသလဲ
ရိုးသားတယ် ဖြူစင်တယ်ဆို
တကယ်သေချာသွားပြီလား
ကျုပ်က အဖြူပျက်ဗျ .....
မိုးသူ(တောင်ကြီး)
06 August 2012/Monday/07:37/Pm
6 comments:
စံပယ်ချို said...
ဒုတ်ထိုးအိုးပေါက်အသုံးအနှုန်းတွေနဲ့ 
ခေတ်ပေါ်....ခေတ်ပေါ်ဆိုပြီး
လျှပ်ပေါ်လော်လီနေတဲ့
ဒီလောက........ငါနဲ့ မှဖြစ်ပါ့မလား
တကွက်ချန်အရေးအသားနဲ့ 
မြင်အောင်တွေးကြည့်ပါတယ်-------------
ကိုယ်နဲ့တော့ မဖြစ်မှာသေချာတယ်မိုးသူရေ
ဟုတ်တာတွေရေးလှချေလားဗျို့
လွင်ပြင်လှိုင်းငယ် said...
ဟေး......ရဲဘော်တို့ 
နောက်မဆုတ်ကြနဲ့ ...ရှေ့ တက်
အန္တရယ်စက်ကွင်းထဲကနေ
ကိုယ်လွတ်ရုန်းတော့မှာလား
မင့် , ကိုပြုံးပြုံးကြီးကြည့်နေတဲ့ 
လူတသိုက်ကိုတော့......
ဘယ်သူမိုက်သလဲလို့ သွားမမေးနဲ့ ပေါ့ကွာ ။ ။
တကယ့်ကို အမှန်တရားတွေပဲ
အိပ်မက်ကောင်းကင် said...
ညာတာပါတေးနဲ့ ပြုံးစိစိရေးထား တာကောင်းတယ်
လာအားပေးသွားတယ်နော်
ဖြိုးဇာနည် said...
ညာတာပါတေး အတော်ကွာစွာသဟေး
ခံစားလို့ကောင်းတယ်
မိုးညချမ်း said...
ညာတာပါတေးနဲ့ ပြုံးစိစိရေးထားတာကို မိုးညကလည်း နားလည်တစ်ဝက် မလည်တစ်ဝက်ခံစားဖတ်ရှုရင်း ရိုးရိုးလေး ပြုံးသွားပါသည် ... :)
Phyu Lwin said...
မင့် , ကိုပြုံးပြုံးကြီးကြည့်နေတဲ့ 
လူတသိုက်ကိုတော့......
ဘယ်သူမိုက်သလဲလို့ သွားမမေးနဲ့ ပေါ့ကွာ ..ဟိဟိ မိုက်တယ်
Post a Comment