သမိုင်းစစ်ဆင်ရေး


ဒြပ်မဲ့နာမ်ရုပ်တခုရဲ့ စေညွှန်းချက်အရ
ခြတက်နေတဲ့သမိုင်းစာမျက်နှာတချို့ ကို
ဝေဖန်တိုက်ခိုက်ဖို့  စကားလုံးတွေ
အတော်အတန်စုဆောင်းမိခဲ့ပြီ
မရှိခြင်းတရားတွေ နဲ့ ခေတ်နောက်ပြန်ဆွဲချဖို့ 
ခင်ဗျားတို့ တတွေအဆင်သင့်ပြင်ထားလိုက်ကျတော့ ။

ကာရေဗီယံပင်လယ်အောက်က
ရှေးဟောင်းအတ္တလန္တာမြို့ တော်ကြီးပြောက်ရှသွားတာ
ဘယ်သူတွေနဲ့ သက်ဆိုင်တယ်လို့ ......(ခင်ဗျားထင်သလဲ)
ဟေ့..ဟေ့ .... ဒီမှာ...ခင်ဗျားတို့ တွေ
အဲဒီမေးခွန်းရဲ့ အဖြေကိုဖြေစရာမလိုဘူး ...( ရှင်းတယ်နော်)
ကိုယ့်သမိုင်းကိုယ်လှအောင်ရေးချင်ရင်
ဘိုးတော် နတ်ကတော်တွေရဲ့ အိမ်မက်အရပါဆိုတဲ့
ဆင်ခြေဆင်လက်တွေမပြောစမ်းနဲ့ ဗျာ
(လွှတ်သိက္ခာကျတယ်)
အိုင်နဲ့ မီ နဲ့ မကွဲတဲ့ နလပိန်းတုံးတွေ ။ ( I and Me)

ကိုင်း.......ပီပြင်အောင်ပုံဖော်လိုက်ကြပါစို့ 
တံခါးလေး ဟ, ယုံလေး ဟ, ထားတဲ့
အိမ်မက်မြို့ တော်ထဲမှာမွန်းကြပ်ကြပ်
အသက်ရူသံတွေကို မချိမဆန့် ကြားကြားနေရတယ်
တချို့ သော..လရောင်ပြောက်တဲ့ညအမှောင်တွေမှာ
အတိတ်ကမဲညစ်ညစ်အရိပ်ဆိုးတွေကြောင့်
ဖရောင်းတိုင်မထွန်းတတ်တဲ့
လမ်းဘေးခွေးတွေတောင်မဟောင်ရဲတော့ဘူး ။

ပညတ်ချက်တွေသိပ်သည်းဆများလာတဲ့အခါ
အတ္တနဲ့ ဒိဋ္ဌိတို့ ရဲ့ ခွန်အားတွေဟာအလိုလိုထွားကြိုင်းလာတယ်
ခင်ဗျားတို့ တတွေ ဘ၀င်ရူးရောဂါရလာတာမဆန်းကျယ်ပါဘူး
ခွပ်ဒေါင်းတွေရဲ့ တွန်သံဟာလဲအမောဖောက်လာတယ်ထင်ပါရဲ့
တကြိမ်တခါလောက် မဟတ္တမဂန္ဒီနဲ့ စကားစမြည်ပြောကြည့်ချင်တယ်
မာသာထရီဇာနဲ့တော့မတွေ့ ချင်ဘူး
တော်တော်ကြာ..မေတ္တာရေအေးတိုက်ကျွေးနေရင်ခက်ရချည်ရဲ့

လူ့ ,အလို နတ်မလိုက်နိုင်တဲ့ စနစ်ကြီးမှာ
ကျူပ်လဲ ခင်ဗျားရဲ့ အလိုကို
အပြည့်အ၀တော့ဘယ်လိုက်နိုင်ပါ့မလဲ
ခင်ဗျား ....ကော်ဖီသောက်ချင်လား
လက်ဖက်ရည်သောက်ချင်လား
ကျူပ်တို့ မြို့ က ...လူတွေရဲ့ ပြောသံတော့ကြားဖူးပါရဲ့ 
လက်ဖက်ရည်ဖိုးကသိပ်ဈေးကြီးသတဲ့လေ
အိမ်ကိုလမ်းကြုံလို့ ဝင်လည်ရင်း
စာအိတ်လေးနဲ့ ဂါရ၀ပြုတာကတော့
ထုံးစံအတိုင်းရိုသေရာကျလွန်းပါတယ် ။

ဒီမယ် ... ကျူပ်သတိထားမိသလောက်ပြောပြချင်တယ်
ကျူပ်တို့ မြို့ ရဲ့ သမိုင်းစာမျက်နှာတခုကို လှန်ဖတ်မိတိုင်း
.........ကျူပ်တို့ မြို့ ကလူတွေ .....
လက်ရေးကိုသေသေသပ်သပ်ရေးသွားနိုင်တဲ့လူတွေရှိသလို
လက်ရေးကိုပေါက်ပန်းဈေးရေးသွားတဲ့လူတွေလဲရှိသဗျ ....
(အခုအချိန်အထိပဲဆိုကြပါစို့ )

မိုးသူ(တောင်ကြီး)
15 July 2012/Sunday
04:41/PM

5 comments:

စံပယ်ချို said...

ကာရေဗီယံပင်လယ်အောက်က
ရှေးဟောင်းအတ္တလန္တာမြို့ တော်ကြီးပြောက်ရှသွားတာ
ဘယ်သူတွေနဲ့ သက်ဆိုင်တယ်လို့ ......(ခင်ဗျားထင်သလဲ)
အမစံပယ်နဲ့တော့ မဆိုင်ဘူးထင်ပါရဲ့နော်
ဒါပေမယ့်လဲ အဲဒီမှာ ကဗျာတွေသံစဉ်တွေရှိမယ်ဆိုရင်တော့အရောက်သွားလိုက်ချင်တယ်
အမလက်ရေးကလဲ မသေသပ်ဘူးမိုးသူရေ
ကဗျာတွေကောင်းတယ် ဖတ်ပြီးတိုင်းလဲစဉ်းစားရတယ်

Candy said...

မိုက်စ်တယ် :D :D

ချစ်စံအိမ် said...

လူ့ ,အလို နတ်မလိုက်နိုင်တဲ့ စနစ်ကြီးမှာ
ကျူပ်လဲ ခင်ဗျားရဲ့ အလိုကို
အပြည့်အ၀တော့ဘယ်လိုက်နိုင်ပါ့မလဲ ဒါပေါ့ ဒါပေါ့

လွင်ပြင်လှိုင်းငယ် said...

ကျူပ်တို့ မြို့ က ...လူတွေရဲ့ ပြောသံတော့ကြားဖူးပါရဲ့ 
လက်ဖက်ရည်ဖိုးကသိပ်ဈေးကြီးသတဲ့လေ
အိမ်ကိုလမ်းကြုံလို့ ဝင်လည်ရင်း
စာအိတ်လေးနဲ့ ဂါရ၀ပြုတာကတော့
ထုံးစံအတိုင်းရိုသေရာကျလွန်းပါတယ် ။

အားပေးခံစားလျက်

အိပ်မက်ကောင်းကင် said...

ရေးထားတာကတော့ ရှယ်ပဲ
စာသားက ရင်ကိုထိတယ်ဆိုတာ ဒါမျိုးနေမှာ ^_^

Post a Comment